ဆိုဖာပေါ်မှာ အကျအနထိုင်ကာ TV ကြည့်နေသောအမေဆီကို စိန်ပန်းပြေးသွားလိုက်သည်..
"မေမေ သမီးစီးပွားရေးတက္ကသိုလ် တက်ချင်တယ် "
" ဟမ်..သမီးပဲ နည်းပညာ... "
" မဟုတ်ဘူး သမီးစီးပွားရေးတက်ချင်တာ..ဖေဖေ့ရဲ့ လုပ်ငန်းတွေကို နားလည်အောင်လုပ်ရမယ်လေ... "
အိမ်ထဲဝင်လာတဲ့လူကြီးက
" သမီး အမေဆီမှာဘာတွေပူဆာနေတာလဲ "
"အဖေပြန်လာပြီ..ဖေဖေ သမီးစီးပွားရေးတက္ကသိုလ်တက်ချင်လို့ "
" သမီးပဲ အင်ဂျင်နီယာ "
" မလုပ်ချင်တော့ဘူး သမီး ဖေဖေ့လုပ်ငန်းတွေကို ကူလို့ရအောင်..အဲ့ဒါ သမီးသေချာစဉ်းစားပြီးပြီ..စီးပွားရေးတက္ကသိုလ်တက်မယ်..အကို့ကိုလည်းအဲ့ဒါပဲတက်ခိုင်းလိုက်လေ "
လှေကားပေါ်ကဆင်းလာတဲ့ကောင်လေးအား..
" သား ဒီကိုလာဦး "
အညိုရောင်ဆံပင်ရှည်တွေနဲ့ကောင်လေးက သူ့အဖေဆီလျှောက်လာတယ်..." မင်းညီမလေးက စီးပွားရေးတက္ကသိုလ်တက်မလို့တဲ့..သားလည်းအဲ့ဒါပဲတက်မှာမလား "
တိတ်ဆိတ်နေသော ထိုကောင်လေးအနားကို စိန်ပန်းပွင့် ထလာကာ...
" နော် ကိုကို ညီမလေးနဲ့ လိုက်တက်လိုက်ပါနော် "
" omm ဒါဆို သားရေသွားသောက်တော့မယ် "
မျက်တောင်တစ်ခတ်အတွင်းမှာ မျှော်မှန်းချက်တွေ ပြိုလဲကုန်သော ထိုကောင်လေးသည် လောကကြီးကိုစိတ်နာနေဟန်နှင့်တူပါသည်..ညအချိန် ကြယ်တွေကို မော့ကြည့်နေသော ကောင်လေးနှစ်ယောက်..ဘယ်တော့များမှ ပြန်တွေ့ရပါ့မလဲဆိုတာကို လက်ချိုးရေနေသလို ပထမနှစ် ပထမစာသင်နှစ်အပြီးမှာတင် အဖွားအိမ်ချက်ချင်းသွားချင်နေသော ကောင်လေးကိုလည်း သူ့အိမ်ကထူးဆန်းနေကြသည်..
" Heyy..ကမ္ဘာမြေ "
အနောက်ကနေ ပုခုံးကိုပြေးဖက်လာသော လေပြည်ညှင်းကို ကမ္ဘာမြေ ဘာမှပြန်မပြောနိုင်ပါ.." မင်းကလဲ ဘာဖြစ်နေတာလဲ မင်းအဖိုးသက်သာသွားမှာပါကွာ "
" Apk "
ပထမစာသင်နှစ်မပြီးခင်မှာပင် အဖိုးနေမကောင်းဖြစ်ခဲ့လို့ ဖေဖေကသွားကာ ကမ္ဘာမြေ ညီမလေးနဲ့ မေမေတို့သာ အိမ်မှာကျန်နေခဲ့သည်..ပထမနှစ်စာမေးပွဲဖြေပြီးမှ အဖိုးဆီကိုသွားရမည်ဟူသော ဖေဖေ့စကားကို ကမ္ဘာမြေ မပယ်ရှားခဲ့သောကြောင့် အခုထိ ထိုကောင်လေးကို မတွေ့ရသေးပါ..
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈