သူ့မျက်စိရှေမှာ ထိုကောင်လေးငိုနေသည်..နာကျင်လို့ငိုနေတဲ့ကောင်လေးအနား သူပြေးသွားသည်..နာကျင်အောင်လုပ်နေတဲ့လူတွေကို သူအားကုန်တွန်းဖယ်ပစ်သည်..ထိလို့တောင်မရ..ဓားချွန်ကြီးကိုင်လာသော ထိုမိန်းမကြီးကို သူကုန်းအော်လိုက်သည်..
" မလုပ်နဲ့!!!! "
ဝုန်းခနဲထလာသောကမ္ဘာမြေသည် ချွေးတွေရော မျက်ရည်တွေပါကျနေသည်..
" မလုပ်ပါနဲ့ "
ဆိုးရွားသောအိပ်မက်ကြီးတစ်ခုဖြစ်သည်..ဒါကဘာလို့မက်ပါလိမ့်..သေချာသည်မှာ သူထိုကောင်လေးကို စိတ်ဆွဲနေခြင်းဖြစ်သည်..စားပွဲပေါ်မှာ မှောက်လျက်အိပ်ပျော်နေတာကြောင့် စာရွက်ပေါ် ဖိထားသောလက်ကိုဖယ်လိုက်သည်..ဒါဒီနေ့တွေ့ခဲ့သော ထိုကောင်လေး မျက်နှာပင်..
At Morning,
အသားမဖြူတဖြူ အရပ်ရှည်ရှည် ရေခဲတုံးမျက်နှာ ဆံပင်အနက်ရောင်တွေနဲ့ နားကြပ်တပ်ထားသောကောင်လေးအား မိန်းကလေးတွေက ကွက်ကြည့်ကွက်ကြည့်လုပ်မနေဘဲ ပေါ်တင်ကြည့်နေကြသည်..လမ်းလျှောက်နေသောသူသည် ထိုမိန်းကလေးတွေကိုစိတ်ထဲတောင်မရှိပါ..ပတ်ဝန်းကျင်ကို လျစ်လျူရှုတတ်သောကောင်လေးသည် မနေ့ကမိန်းကလေးတစ်ယောက်ကိုလက်ဆွဲခဲ့သည်ဟူသော သတင်းကြောင့် မေဂျာတွေမှာပွက်လောရိုက်ခဲ့ပေမဲ့ သူ့ညီမဟုသိသွားသောအခါ ကောင်မလေးတချို့ မိုးကမ္ဘာနားက မခွာကြတော့ပေ..ရေခဲတုံးမျက်နှာပေးနှင့်ကောင်လေးက သူ့ဘေးကဖြတ်သွားသော ဆံပင်အညိုရောင်တွေနဲ့ကောင်ငယ်လေးကို လှည့်ကြည့်သည်..ပြီးတော့ လမ်းဆက်လျှောက်သွားသည်..
" အခု ခဏတော့ မင်းကိုယ့်ကိုလိမ်ညာနေဦးပေါ့လေ "
At canteen,
" ဟေ့ ကမ္ဘာ..မင်းမျက်နှာကဘာဖြစ်နေတာလဲ.. "
အရှေကနေပြူးပြဲကာ ထိုင်ကြည့်နေသောလေပြည်ကို ကမ္ဘာမြေဂရုမစိုက်..
" ဟေ့ သက်ပြင်းတွေ ဘာလို့စွတ်ချနေတာလဲ "
" ငါ "
" A..ပြော.. "
" ငါ ဟိုကောင်လေးကိုတွေခဲ့တယ် "
" ဟမ်..ဘယ်..မဟုတ်မှ ဟိုမင်းအဖွားဆီမှာတွေခဲ့တဲ့တစ်ယောက်.. "
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈