Unicodeအနည်းငယ်ကျယ်တဲ့တံတွေးမျိုချသံကြောင့် Stephan မျက်လုံးဖွင့်ကြည့်လိုက်တော့...တံခါးဝမှာရပ်ကာ အက်ျီချွတ်ထားတဲ့သူ့ခန္ဓာကိုယ်ကိုပြူးကြည့်နေတဲ့ကောင်မလေးက မိုးကမ္ဘာ...
" ဝင် ဝင်လာခဲ့လေ ကမ္ဘာမြေတော့မရှိတော့ဘူး Company သွားပြီ.. "
" ဟုတ် ဟိုလေအိပ်ရင်အက်ျီချွတ်အိပ်တတ်တာလား "
" ဒါကအကျင့်ဖြစ်နေလို့ပါ..ဒါနဲ့ ဒီကိုဘာကိစ္စနဲ့လာတာလဲခင်ဗျ.. "
" Aww ကိုကိုရော Stephan oppa ရောအလုပ်သွားရင်သန့်ရှင်းရေးလုပ်ပေးဖို့လာတာပါရှင့် "
" ညကကမ္ဘာပြောတဲ့အိမ်အကူဆိုတာမင်းလား "
" ဟူတ် ယာယီပါရှင့် မနက်စာစားပြီးပြီလား "
" မစားရသေးဘူး အလုပ်ကနည်းနည်းနောက်ကျမှသွားလဲဖြစ်လို့.. "
" မေမေကမနက်စာထည့်ပေးလိုက်ပါတယ် မိုးပြင်ထားလိုက်မယ် အကိုရေချိုးလိုက်ပါ "
အပေါ်ပိုင်းဗလာနဲ့အိမ်ပေါ်တက်သွားတဲ့ Stephan ကိုမိုးကမ္ဘာမျက်စိတဆုံးလိုက်ကြည့်မိတယ်..သန့်ရှင်းရေးမလုပ်ချင်လို့မေမေနဲ့အတိုက်အခံပြောထားတာ..ဒါပေမဲ့ အခုလည်း.....
" မိုးကမ္ဘာတို့ကံကောင်းတာပေါ့ ဟဲ.....ဟဲ "အစားအသောက်တွေကို Micro wave ထဲထည့်လိုက်ပြီးနွှေးကာ ပန်းကန်တွေထဲသေချာထည့်လိုက်တယ်..ကော်ဖီလေးတစ်ခွက်ဖျော်ကာပန်းကန်တွေဆေးနေလိုက်တယ်...အိမ်ပေါ်ကဆင်းလာတဲ့ Stephan ကအက်ျီလက်ကြယ်သီးကိုလှေကားမှာတပ်နေတယ်..
မိုးကမ္ဘာလှမ်းကြည့်လိုက်တော့ ဖြူဖွေးတဲ့အသားအရည်မှာအသားရောင်အက်ျီလေးကလိုက်ဖက်စွာ..မဖြီးရသေးလို့ဖိုသီဖတ်သီဖြစ်နေတဲ့ရွှေအိုရောင်ဆံပင်တွေကနဖူးပြင်ကိုအုပ်လုမတတ်..ဒီနိုင်င်ခြားသားဟာချောတာထက်ကိုပိုနေပါပြီ...
မိုးကမ္ဘာ လှေကားတစ်ထစ်မှာကြယ်သီးတပ်နေတဲ့ Stephan နားသွားကာ...
" မနက်စာအဆင်သင့်ဖြစ်နေပါပြီ "
ကြယ်သီးကိုအာရုံရောက်နေရာမှ မိုးကမ္ဘာအသံကြောင့်...
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈