ည၇နာရီခွဲ
TVသံ သဲ့သဲ့သာ ကြားနေရတယ့်
စံအိမ်အတွင်း အပေါ်ထပ်ကနေဆင်းပြီး
အိမ်ပြင်ရောက်ရေး ကြိုးပမ်းနေတယ့် ကောက်လေးတစ်ဦးရှိနေသည်။ထိုသူက အခြားသူမဟုတ် ရိုင်း အိမ်တော်ရယ့် သားအငယ်ဆုံး သုလေးပင်
သုလေး ဒီနေ့ ပုံအရောင်ခြယ်မယ်ဆိုကာမှ ဆေးကုန်နေမှန်း သိတာမလို့ ဝယ်ဖို့အရေးက်ု ပါပါးတို့မသိအောင် တိတ်တိတ်လေးထွက်ရန် ကြံနေခြင်းပင်
အသာလေး ခြေထောက်ဖွနင်းကာ အိမ်ပြင်ထွက်ရန်အတွက် လှေကားနားကနေ လှမ်းကြည့်တော့
ဒယ်ဒီက ပါးပါးကို ဖက်ကာ နှစ်ယောက်အတူတူ ရုပ်ရှင်ကြည့်နေကြသည်။
ဟွန့် ခုထိ ရိုနေကြတုန်း
ဒါကိုဘဲ အခွင့်ကောင်းယူကာ ဖြေးဖြေးချင်းဆင်းလာတော့အပေါက်ဝ ရောက်လို့ ပြေးမယ်ဘဲ ကြံသေးတယ်
"သုလေးရေ ဘယ်သွားမလို့လဲ"
ဆိုဖာပေါ်ကနေ လှမ်းခေါ်တယ့် ပါပါးအသံ
သုလေးလည်း ဟီးခနဲနေအောင် ပြုံးပြရင်း
မျက်နှာငယ်လေးနဲ့ ပါးပါးကိုကြည့်ကာ"ဟိုလေ ပါပါး သား ရောင်စုံ ဝယ်မလို့"
အသက်ကြီးပေမယ့် နုလွန်းတယ့် ပါပါးက
သူ့ရယ့် လက်ပတ်နာရီကိုကြည့်ရင်း"၈နာရီ မခွဲခင်ပြန်လာခဲ့နော်"
"ပါပါး တကယ်သွားလို့ရတာပေါ့"
"ပါပါးက လိမ်မယ်ထင်လို့လား"
"အာဘွား ပါပါးရေ သွားပြီနော်"
သုလေး ပျော်ရွှင်ကာ ခုန်ပေါက်ရင်း ထွက်လာခဲ့သည်။
အရင်ကဆို ညဘက်မထွက်ခိုင်းတယ့် ပါပါးက အခုရတယ်တယ့် ရို့ ရို့ခြံတံခါးလေးကို ပြန်ပိတ်ကာ
နှစ်လမ်းကျော်က စာရေးကိရိယာဆိုင်သို့ ချီတက်တော့
လမ်းလျောက်လာရင်း ဘေးဘီကြည့်ရသေးသည်။ထွက်လာတာ သတ္တိကောင်းလို့မဟုတ်
အရောင်ခြယ်ခြင်ဇောနဲ့ ထွက်လာမိတာ
ခုမှသေချာ ကြည့်မိတယ် လမ်းထိပ်ကမီးတိုင်ကလည်း မှိတ်တုတ်မှိတ်တုတ်နဲ့သုလေး ကြောက်လာတာနဲ့ ခပ်သွက်သွက်သာ ပြေးလိုက်သည်။
တေ်ာကြာ သရဲခြောက်ခံရမှ အသည်းကနုနုလေးရယ် မေ့နေဦးမယ်။
YOU ARE READING
Simple(S2){complete}