Ep19

2.5K 204 18
                                        

.Time skip>>>>>>>>>>>>>>>

လူတွေများစွာ တိုးဝှေ့နေတယ့်ကြား
မင်းကမ္ဘာတည် ကလေးကို ချီကာ
သူရယ့် လာကြိုမယ်ဆိုတယ့် တူမတော်မောင် မျောက်လောင်းကို လိုက်ရှာနေရသည်။

ဒီကောင်မလေးက ရှပ်ပလာတာထတာ အချိန်တော့ တိကျပါတယ်။
တွေ့ပါပြီ ဆံပင်အရှည် အနက်ရောင်အခွေအခေါက်တွေကို
ခပ်မြင့်မြင့်စီးပြီး စပို့ရှပ်နဲ့ ဘောင်းဘီအပွနဲ့ တူမတော် တိမ်ငွေ့လွှာ

လူကိုတွေ့တာနဲ့ ချက်ချင်းလက်ကြီးဆန့်ပြီး ပြေးလာတာကြောင့် ဖက်လိုက်ရင် ကလေးအသက်ရှူကျပ်မှာစိုးလို့
လက်ကာပြကာ အရင်တားထားရသည်။

"ဟွန့် ဦးလေးကလည်း ဒီကတူမလေးက မတွေ့ရတာကြာလို့ ပျော်ပြီးဖက်ချင်လို့ကို"

"တော်ပါ နင်ဖက်တာနဲ့ ငါ့ကလေးလေးနိုးသွားမယ် အသံကိုတိုးတိုးပြော မိန်းကလေးဖြစ်ပြီး အော်နေလိုက်တာ ကြားမကောင်းဘူး"

ငွေ့လွှာ ဦးလေးပြောကာမှ ရင်ခွင်ထဲကို ကြည့်လိုက်တော့ အားယို့ ချောလိုက်တယ့် ကောင်လေး ငါ့ဦးလေး ဂေါ်ဇီလာလိုဟာကြီးနဲ့ မတန်မရာ
ပါးလေးတွေလည်းဖောင်းလို့ လက်ကလေးနဲ့ တို့ကြည့်မယ်ကြံသေးတယ် ဖြတ်ရိုက်လိုက်တယ့် ဦးလေးကြောင့် လက်ကိုသာ နာနာခါပစ်လိုက်ရသည်။.

"ဦးလေး နာတယ်ဗျ"

"အေး ငါကလည်း နာအောင်ဘဲရိုက်တာ ဖယ် ငါ့ကလေးကိုမထိနဲ့ အိမ်ကိုသွားမယ်"

"စံအိမ်လား ၄၀ကအိမ်လား"

"၄၀ကအိမ်ဘဲ သွားမယ် ကလေးကို ပတ်ဝန်းကျင်နဲ့ ထိတွေ့စေခြင်တယ် ဘယ်လိုဆိုတာ သေချာသိစေခြင်တယ်"

"okလေ လာသွားမယ်"

မင်းကမ္ဘာတည်လည်း သူ့တူမ မျောက်မူးလဲနောက်ကနေ လိုက်ကာ
ကလေးကို ကားပေါ်ကို သေချာတင်ပေးရင်း သူ့ရင်ခွင်ကိုမှီစေကာ ကားကိုတော့ ငွေ့လွှာကိုဘဲ မောင်းစေလိုက်သညိ။

တရွေ့ရွေ့နဲ့ ကားလေးဟာ ရန်ကုန်လေဆိပ်ကနေ
မြောက်ဒဂုံ ၄၀ရပ်ကွက်ရှိ နှစ်ထပ်အိမ်လေးဆီသို့

အုတ်တွေနဲ့ ခြံစည်းရိုးအခိုင်အမာခတ်ထားတယ့် အိမ်လေးက အောက်ထပ်က အုတ်နဲ့ဖြစ်ပြီး အပေါ်ထပ်ကတော့ သစ်သားနဲ့သာ ပတ်ဝန်းကျင်ကလည်း သူဌေးအသိုင်းအဝိုင်းတွေဘဲနေတာပေမယ့် ကလေးကို လူတွေနဲ့ထိတွေ့စေခြင်တာကြောင့် သီးသန့်အိမ်ကို မခေါ်ဘဲ ဒီခေါ်လာခဲ့တာ။

Simple(S2){complete}Unde poveștirile trăiesc. Descoperă acum