"နောက်ဆို ဒေါ်လေးသေးသေးလေးနဲ့ဘဲ အပြင်သွားမယ်သိလား အရမ်းပျော်ဖို့ကောင်းတာဘဲ အမေ့ရေ လန့်တာ"
ဧကသုထက်နဲ့ မမငွေ့လွှာတို့ စကားပြောကာ ဝင်လာကြရင်း
ပတ်ဝန်းကျင်ကို သတိမထားမိ ဧည့်ခန်းက မီးကို ဖွင့်လိုက်တာနဲ့ မှောင်ထဲမှာ ထိုင်နေတယ့် ဦးကြောင့် သုလေးလန့်သွားတာတော့ အမှန်ပင်။မျက်မှောင်ကြုတ်နေတယ့် ဦးက
တစ်ခုခုကို အလိုမကျဘူးဆိုတာ ထင်ရှားစွာ ဘာများဖြစ်ရတာလဲ ဦးရယ်
သုလေး တွေးရင်းခေါင်းတောင်ကိုက်ခြင်သွားတယ်ခုရက် ဦးတစ်ခုခုဖြစ်နေတာတော့ သိသည်။
ဒီပုံဆိုရင်တော့ ချော့ရမှာမလွယ်ပေ။မမငွေ့လွှာကတော့ အဆူခံရမှာစိုးလို့
ကူရှင်းပေးမယ်ပြောပေမယ့် သုလေးကတော့ ဆူမယ့်ဆူ အိမ်မှာနေခိုင်းတာကို စကားနားမထောင်တယ့် သူသာ အဆူခံလိုက်မယ်လို့ ဆုံးဖြတ်ရင်း မမငွေ့လွှာကို အခန်းထဲကနေ အပြင်ပြန်ထွက်မလာရန်သာ မှာလိုက်တော့သည်။ထိုင်နေတယ့် ဦးနားကို သုလေးဖြည်းဖြည်းချင်းအရဲစွန့်ကာ သွားမိသည်။
တစ်ကယ်ပါ ယောကျာ်းလေးချင်းတူတာတောင် ဘာလို့များ ဦးက သူများကို စိုးမိုးနိုင်တယ့်
အရှိန်အဝါတွေ ရှိနေရတာလဲမသိဘူး။"ဦး"
"ငါ ဘာမှာထားလဲ "
"ဟိုလေ ဟို အိမ်မှာဘဲနေပြီး ဘယ်မှာမသွားဖို့ မှာထားပါတယ်။"
"ဒါဆို ငါ့စကားကို တော်တော်နားထောင်တာပေါ့ ဟုတ်လား"
အော်ထည့်လိုက်တယ့် ဦးကြောင့် ဧကသုထက်ရယ့် ကိုယ်လေးတုန်သွားတာ အမှန်ပင် ကျယ်လောင်စွာအအော်ခံရတာကလည်း
ချစ်ရတယ့် ဦးဆီကဆိုတော့ ပိုဆိုးကာ
ဝမ်းနည်းနေသည့်စိတ်ကို လောင်စာပိုထည့်ပေးသလို။"ဦးရယ် စိတ်မဆိုးပါနဲ့နော် ကလေးနောက်မသွားတော့ဘူးလေ"
ဧကသုထက် ဘယ်လောက်ဘဲ စိတ်မတိုးစေရန် ပြောပြော စိတ်တွေရှုပ်ထွေးနေတယ့် မင်းကမ္ဘာတည်ကတော့
သူ့ရယ့် ဆံပင်တွေကိုပင် ဖွပစ်ကာ
နက်ခ်တိုင်ကိုပါ လျော့လိုက်ရင်း
သူ့ရှေ့က ထိုင်နေတယ့် ဧကသုထက်အား ကြည့်လိုက်သည်။
YOU ARE READING
Simple(S2){complete}