Ep14

3K 236 12
                                        

"ပါပါးနဲ့ဒယ်ဒီ အိမ်ပြန်ရင် ပြန်လေ သားဘဲ ဦးကို စောင့်ပေးလိုက်မယ်"

ဆိုဖာပေါ်မှာထိုင်နေတယ့် ဒယ်ဒီပုခုံးကိုမှီကာ ငိုက်နေတယ့် ပါပါးကို သုလေး အသာလေးနိုးကာ ပြောလိုက်သည်။
လူကြီးတွေကို ဒုက္ခမပေးခြင်ပါ ပါပါးတို့က တစ်နေကုန် အလုပ်လုပ်ပင်ပန်းနေတာ ညအချိန်လေးတော့ နားမှပေါ့

ဒယ်ဒီကတော့ ဆိုဖာပေါ်မှာ အိပ်ပျော်နေလျက်သာ ပါပါးကတော့ နိုးလာပြီး

"သားသား ဘာဖြစ်လို့လဲ ညီ မသက်သာလို့လား"

"မဟုတ်ပါဘူးပါး အချိန်က ၃နာရီကျော်နေပြီ ပါပါးတို့ပြန်ရင်ပြန်တော့လို့ ပြောမလို့ပါမနက်ကျ companyသွားစရာရှိတယ်မလား"

သုလေးပြောတော့ ပါပါးက ဘေးနားက ဒယ်ဒီကိုပါ နိုးကာ ဦးကို တစ်ခေါက်ဝင်ကြည့်ပြီး အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်ကျသည်။

"သား တစ်ခုခုဆို ပါးတို့ကို ဖုန်းဆက်နော် ညီကလည်း ဘာမှသိပ်ဖြစ်တာမဟုတ်ဘူး သားလည်း အိပ်ဦးနော် "

"ဟုတ်ပါပါး သားကားနားထိ လိုက်ပို့မယ်လေ"

"ရတယ် ရတယ် မပို့နဲ့ အိမ်တံခါးတွေသာ သေချာပိတ်"

ပါပါးတို့ ပြန်တာနဲ့ သုလေးလည်း အိမ်တံခါးပိတ်ကာ ပြန်ဝင်လာရင်း
ခြေလှမ်းတွေက ဦးဆီသို့

ကုတင်ပေါ်မှာ အိပ်မောကျနေတယ့် ဦးက
ဆရာဝန်ခေါ်ကာ အားဆေးပင်သွင်းပြီးသွားလို့ တော်တော် မျက်နှာလေးကြည်နေပြီ

ဧကသုထက် ကုတင်ပေါ်မှာ တင်ပလွှဲဝင်ထိုင်ကာ ဦးရယ့် လက်ကလေးကို စုပ်ကိုင်ထားရင်း
ဝဲတက်လာတယ့် မျက်ရည်ကို စီးမကျစေရန် သူ့ရယ့် မျက်တောင်ရှည်တွေကို ပုတ်ခတ်ပုတ်ခတ်နဲ့သာ ပြေပျောက်စေလိုက်သည်။

*ဦးရယ် နေကောင်းအောင်နေပါ ကလေးအရမ်းစိတ်ပူလို့*

ထို့နောက် သုလေးသည်လည်း ဦးရယ့် မျက်နှာအားကြည့်လျက် ပူပန်နေသော စိတ်တို့ကိုလျော့ချကာ စိတ်ပူတာသက်သာသည်နှင့် တိုးဝင်လာတယ့် မျက်ခွံရယ့် လေးပင်မှုတို့ကို မခံနိုင်စွာ အိပ်စက်ခြင်းသို့။

Simple(S2){complete}Where stories live. Discover now