Ep7

3.3K 274 7
                                    

"ကလေးလေး"

သုလေး နောက်ကနေ လိုက်လာတယ့် လူကြီးကို မသိခြင်ယောင်ဆောင်ကာ အဆောင်ထဲကိုသာ ဝင်သွားလိုက်သည်။

လူကြီးကတော့ နောက်ကနေ ခြေလှမ်းကျဲကြီးတွေနဲ့ လိုက်လာဆဲ

မကြာပါ နောက်ကနေ ခပ်သွက်သွက် ခြေသံကို နီးနီးကပ်ကပ်ကြားလာရပြီး ရင်ခွင်တစ်ခုထဲ ဆွဲဖက်ခြင်းခံလိုက်ရသည်။

ကျောင်းက အဆောသ်ကို သွားတယ့် လမ်းမှာဖြစ်တာကြောင့်ရော လူတွေအများကြီးက ဝိုင်းကြည့်နေတာကြောင့်ရော သုလေးရှက်ကာ ပူထူသွားတာတော့ အမှန်ပင်

သုလေးလည်း ဦးလေးကြီး လက်ကနေ အတင်းရုန်းကာ

"ဦးလေးကြီး ဒါကျောင်းနော် ဘယ်လိုဖြစ်နေတာလဲ"

အော်တာမျိုးမဟုတ်ဘဲနဲ့ ခပ်ကြိတ်ငြိတ် ထွက်လာတယ့် အသံလေး နှုတ်ခမ်းလေးကပါဆူကာ ရှုးရှဲနဲ့ မျက်လုံးလှလှလေးတွေက ဘုကြည့်ကြည့်ကာ မကြည်ကြည့်လေး တဝင့်ဝင့်မို့ မင်းကမ္ဘာတည် အသည်းယားကာ ရဲနေတယ့် နှုတ်ခမ်းလေး ပြွတ်ခနဲနေအောင် နမ်းချင်နေမိပေမယ့်

ကလေးပေါက် စိတ်တိုသထက်တိုလာရင် ချော့မရတော့မှာ စိုးတာကြောင့်
ဖက်ထားတာကို လွှတ်ပေးလိုက်သည်။
သို့ပေမယ့် ကလေးရယ့် လက်သေးသေးဖြူဖြူအုအုလေးကိုတော့ လွှတ်မပေး စုပ်ကိုင်မြဲ ကိုင်ထားလျက်

"ကလေးလေး ဦး မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်နော် ကလေးလေး"

"ရပါတယ် အဲ့လောက်ထိလည်း ကျွန်တော်စိတ်မဆိုးတတ်ပါဘူး "

သုလေးရယ့် စကားသံအဆုံး
ရှေ့ကနေ အနည်းငယ် တောက်ပလာတယ့် ဦးလေးကြီး မျက်နှာက အမြင်ကပ်စရာ
ဘာလို့များ ပြုံးလိုက်တာတောင် အဲ့လောက်ကြည့်ကောင်းနေရတာလဲ

သု့လေး သူ့ရယ့်လက်ကိုဆွဲထားတယ့် ဦးလေးကြီးလက်ကို ဖယ်ထုတ်ကာ
စေ့စေ့ကြည့်ရင်း

"ဒါပေမယ့် ကျွန်တော် စိတ်တော့မကောင်းဘူး"

"တောင်းပန်ပါတယ် ကိုယ်စိတ်လက်မာန်ပါမလုပ်လိုက်သင့်ဘူး"

"ခင်ဗျား ကျစ် အဲ့ဖုန်းက အစ်ကိုကြီးဝယ်ပေးထာတယ့် ဖုန်းမလို့ပြောတာ တောင်းပန်ပါတယ်ကြီး ဇွတ်ပြောမနေနဲ့ ကျွန်တော်ဘဲ လူဆိုးကြီးဖြစ်နေမယ်"

Simple(S2){complete}Where stories live. Discover now