"ကလေး"
အံ့ဩတစ်ကြီးကြည့်လာတယ့် ဦးက
မျက်ဝန်းအိမ်က မျက်ရည်တွေပင် မခြောက်သေး"မငိုပါနဲ့ဦးရယ် ကလေးဦးကိုယုံတယ်နော်"
ကလေးရယ့် စကားသံတွေကို ကြားလေ သူပိုငိုခြင်လေသာ သူသာ ကလေးကို တောက်လျောက်မယုံကြည်ခဲ့တာ
သူကသာ သံသယတွေထားနေခဲ့တာ။ဧကသုထက်မှာတော့ ရင်ခွင်ထဲမှာ ဝမ်းနည်းပက်လက်ငိုနေတယ့် ကလေးကြီးကို အဝငိုစေရန်သာ
ကျောလေးသပ်ပေးရင်း ငြိမ်နေလိုက်သည်။
တစ်ခါတလေတော့လည်း ခံစားချက်တွေကို လွတ်လပ်စေဦးမှလေ။"အင့် ဦး တောင်းပန်ပါတယ် ကလေးရယ်
ဦးကသာ သံသယတွေဝင်နေခဲ့တာ"တအီအီနဲ့ ငိုနေတယ့် ကလေးကြီးကို
ဧကသုလေးမှာ ကလေးအမေကြီးပမာချော့နေရသည်။အတော်ကြာတော့မှ အငိုတိတ်တယ့်ဦးက
အဝငိုပြီးမှ ရှက်နေတယ်ထင်ပါ့
နားရွက်တွေတောင်ရဲနေသည်။"အဟမ်း ဟိုဦးမျက်နှာသွားသစ်တော့မယ်"
"ဟုတ်ပါပြီ ကလေးလေးကို မျက်နှာရောသစ်ပေးရဦးမလား"
ဝရုန်းသုန်းကားထပြေးသွားတယ့်ဦးက
ရှက်လားမရှက်လားဆိုတာ
ရေချိုးခန်းဘောင်ကိုတောင် ခလုတ်တိုက်သွားသေးသည်။
တကယ်ပါလေ
ဒီလူကြီးကတော့ဦး ရေချိုးနေတယ့်အချိန် ဧကသုထက်လည်း ခရီးဆောင်အိတ်ထဲ အဝတ်တွေထည့်နေရပြီ ဟိုကိုပြန်ရတော့မယ်မလား။
ထို့နောက် ရေချိုးခန်းထဲက ပြန်ထွက်လာတယ့်ဦးကို
လေယာဉ်ချိန်မေးတော့ ညနေမှဆိုတာကြောင့် ပါပါးတို့ကို ဖုန်းဆက်ကာ အဝတ်ကိုအေးဆေးပင်ထည့်တော့သည်။
ဦးလေးဇေရန်တို့ကတော့ မနက်ကတည်းက ပြန်သွားကျတာမလို့
ခုပြန်ရမှာက သူတို့နှစ်ယောက်တည်းသာ
မမငွေ့လွှာကတော့ မလိုက် ဒီမှာသာနေခဲ့တော့မည်ဆိုတာနဲ့ ဦးက
အိမ်နှစ်လုံးနဲ့ ဆိုင်ခန်းနှစ်တွဲကို အပိုင်ပေးခဲ့သည်။
စီးပွားရေးလုပ်လို့ရအောင်ပေါ့။ပစ္စည်းတွေဟိုသိမ်းဒီသိမ်းနဲ့ပင်
အချိန်က ဘယ်လောက်မှမကျန်တော့
လေဆိပ်ကိုရောက်တယ့်အချိန်မှာဆို
ရန်ကုန်က ကားပိတ်ပုံနဲ့ နာရီဝက်အလိုမှသာ ရောက်လာသည်။
ဒါတောင်သူတို့ စောစောထွက်လာလို့
ဘေလီနဲ့ စံပြဈေးဆိုတာ အရမ်းကားပိတ်တယ့်နေရာတွေလေ။
YOU ARE READING
Simple(S2){complete}