"အဆင်ပြေမှာပါ ဦးရယ် ပါပါးတို့ ခွင့်ပြုမှာပါ"
ကားပေါ်ကနေ မဆင်းခင် သူ့ကို ပြန်အားပေးနေတယ့် ကလေးကို မြတ်နိုးစွာ နှာဖူးထက်သို့ အနမ်းပေးလိုက်သည်။
ထို့နောက် ဝယ်လာတယ့် လက်ဆောင်ခြင်းတွေကိုပါ ယူကာ ရှေ့ကခြံဝင်းကျယ်ကြီးရှိ အိမ်တော်ဆီသို့။
ဒီနေ့ ကလေးလေးနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် အကိုလွန်းတို့ဆီမှာ ခွင့်လာတောင်းခြင်းဖြစ်ရာ
သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေသည်။ကျေးဇူးပြု၍ ကလေးလေးကို သူနဲ့အတူ ခေါ်သွားလို့ရပါစေ။
အိမ်ရှေ့ရောက်တာနဲ့ ကလေးက သူ့လက်ကို ဆွဲကာ အိမ်ထဲဝင်သွားရင်း
ဧည့်ခန်းမှာ ထိုင်နေစေကာ
အကိုတို့ကို သွားခေါ်နေသည်။"ပါပါး ဒယ်ဒီ "
သုလေး ဟင်းချက်နေတယ့် ပါပါးနဲ့ နောက်ကနေ လိုက်ရှုပ်နေတယ့် ဒယ်ဒီကို မီးဖိုခန်းဝကနေ ခေါ်ကာ ပြေးဖက်လိုက်တော့ သူ့ကို ပြန်ကာ တင်းနေအောင် ဖက်ထားတယ့် ပါပါးတို့ကြောင့် အင့်ခနဲ
"သားသားရယ် ပြန်လာမယ်ဆို ဒယ်ဒီကို ပြောတာမဟုတ်ဘူး လာခေါ်မှာပေါ့ "
"အွန်းလေ သားသားရယ်"
သုလေး သူ့ကို အိမ်ပြန်လာတယ် ထင်ပြီး
ပျော်နေတယ့် ပါပါးတို့ကို ကြည့်ကာ ဝမ်းနည်းလာသည်။အင့် တစ်ခါမှမခွဲဘူးဘူး
ဧကသုထက် ပါပါးရယ့်လက်ကိုဆွဲကာ ဒယ်ဒီကိုပါ ခေါ်ရင်း ဧည့်ခန်းဆီရောက်တော့ ဦးကလည်း မတ်တပ်ရပ်ကာ အရိုအသေပေးနေသည်။"အကိုလွန်းနဲ့ဒီကအကို ကျွန်တော် ခွင့်တောင်းစရာလေးရှိလို့ပါ"
လွန်းသုထက်နဲ့ မောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။ ဒါဘယ်လိုအခြေအနေပါလိမိ့
"ကျွန်တော်နဲ့ ကလေး မြန်မာနိုင်ငံကို သွားဖို့အတွက် ခွင့်ပြုချက်လာတောင်းတာပါ "
"ခရီးထွက်တာလား"
"ဟိုလေ ပါပါး အဲ့တာက ဦးအလုပ်ကိစ္စအတွက်သွားတာဆိုတော့လေ"
"အွန်း အဲ့တော့"
"အချိန်ခန့်မှန်းလို့မရဘူး ကြာလောက်မယ် အကိုလွန်း"
![](https://img.wattpad.com/cover/276573230-288-k706838.jpg)
ESTÁS LEYENDO
Simple(S2){complete}