"ဦးရယ် ပြောလည်းမရဘူး တစ်ရက်လောက်နားပါဆို အခုဖြစ်ပြီမလား"
ဧကသုထက် အလုပ်စားပွဲမှာ ခေါင်းမှောက်နေတယ့် ဦးကို အလိုမကျစွာ ဆူမိသည်။
တကယ်ပါ နေမကောင်းမှာစိုးလို့ အိမ်မှာနားဆို မနားဘူး အတင်း ရုံးကိုလာတယ် ခုကျတော့ ဖိုင်တစ်ဖိုင်လောက်တောင် စစ်တာ မပြီးသေး ခေါင်းနောက်လို့ဆို မှောက်နေပြီ။
စားပွဲခုံပေါ်မှာ မှောက်နေတယ့် ဦးကို
အလိုမကျစွာဆက်ပြောနေမယ့်အစား
စိတ်ပူတာက ပိုနေတော့လည်း
အနားသွားကာ"ဦးရေ ဦး"
"ဗျာ ကလေးလေး"
"ခေါင်းနောက်နေတယ်မလား ဒါတွေမလုပ်နဲ့တော့ ခနနားနော် လိမ္မာတယ် လာ ဆိုဖာမှာလှဲ"
ဧကသုထက် ဦူကိုတွဲလာကာ ဆိုဖာပေါ် အိပ်ခိုင်းတော့ သူကိုပါထိုင်ခိုင်းကာ ပေါင်ပေါ်ခေါင်းအုံးရင်း ကပ်ချွဲနေသေးသည်။
"ဦး ခနအိပ်ချင်တယ် ဒီလိုလေးနေပေး "
"အွန်း ခနနားလိုက်နော်"
ခါးကို တင်းကျပ်စွာဖက်ကာ အိပ်ပျော်သွားတယ့် ဦးကို
အသာလေးထားခဲ့ကာ ရုံးရှေ့က မုန့်ဆိုင်မှာ သံပုရာရှည်ဝယ်ရန်သာ လုပ်လိုက်တော့သည်။တော်ကြာ ဖျားပါဖျားလာမှ ပိုဆိုးနေမယ်မလား။
Time skip
သံပုရာဘူးလေး ကိုင်ကာ ပြန်လာတယ့် သုလေးက ရုံးခန်းကိုရောက်တော့ ဦးက နိုးလို့ တခြားသူတွေနဲ့ စာရင်းတွေတောင် ဆွေးနွေးနေပြီ သုလေးလည်း
ဦးကို တစ်ချက်ကြည့်ကာ
ရုံးခန်းရယ့် တခြားနေရာက ထိုင်ခုံလေးမှာသာ ထိုင်နေလိုက်သည်။ဆွေးနွေးမှုတွေ ပြီးတယ့်အခါ ဦးက
သုလေး အနားကို လာဖက်ကာ နှုတ်ခမ်းသားတွေကို လာရောက်နမ်းရှိုက်တော့
သုလေးလည်း ချစ်သူအလိုကျ ပြန်လည်နမ်းရှိုက်ရင်းပေါ့။"ဦးဖို့ ကလေး သံပုရာရည်ဝယ်လာတယ် သောက်လိုက်ဦးနော်"
"အ့န်း ဦးသောက်လိုက်မယ် "
ဦးသည်လည်း အလုပ်စားပွဲမှာ ပြန်ထိုင်ကာ အလုပ်လုပ်နေကာ သုလေးသည်လည်း ကွန်ပျူတာနဲ့ ပတ်သတ်တာတွေ လိုင်းပေါ်ရှာကာ
vdတွေနဲ့ တင်နေလိုက်သည်။
YOU ARE READING
Simple(S2){complete}