Ep28

2.7K 183 2
                                        

၃နှစ်ကြာသော်

လှပလွန်းတယ့် အိမ်ကြီးရယ့် အပေါ်ထပ်ရှိ
အခန်းတစ်နေရာ
ကျယ်ဝန်းလှတယ့်  မွေ့ယာကြီးပေါ်တွင်
နှစ်ခြိုက်စွာ  အိပ်ပျော်နေတယ့် ဖြူအုအုကောင်လေးအပေါ်သို့ အုပ်မိုးကာ
အနမ်းတွေပေးရင်း နှောင့်ယှက်နေတယ့်
သက်လက်ပိုင်းအမျိုးသားတစ်ဦး

မင်းကမ္ဘာတည် အိပ်ရာနိုးနိုးချင်း
သူ့ပေါ်ကို ခြေထောက်တွေလက်တွေပစ်တင်ကာ
စိတ်လွတ်ကိုယ်လွတ် ပါးစပ်ကလေးဟ
ဟောက်သံပိစိလေးပါထွက်ကာ
အိပ်နေတယ့် ကလေးကြောင့်
အသည်းယားစွာ
မျက်နှာပင်မသစ်နိုင်

ဧကသုထက်အပေါ်ကနေ အုပ်မိုးထားရင်း
အနမ်းတွေပေးနေရင်း ပါးစပ်ကလည်း
တ တွတ်တွတ်ပြောနေမိသည်။

"ဒါလေးက ကိုယ့်အပိုင်
ပါးလေး မွှစ် ဒါလေးကလည်း ကိုယ်အပိုင် စတော်ဘယ်ရီသီးလေး ပြွတ်စ်"

ဧကသုထက်မှာတော့ အိပ်ပျော်နေရာကနေ
တင်းကျပ်စွာအဖက်ခံရတာကြောင့်
အသက်ရှူပါမဝက နိုးလာတော့
တွေ့ပါပြီ တရားခံကို
ဦးမှ ဦး နိုးလာတာတွေ့တာတောင် ရယ်ပြပြီး
ဆက်ပြီး စိတ်ကြိုက်နမ်းနေတာ
ဦးရယ့် နှာတံနဲ့ ပါးကို နစ်ဝင်အောင်နမ်းလိုက်
နှုတ်ခမ်းသားတွေနဲ့ လည်တိုင်တွေကို
ဖိကာပွတ်ဆွဲနေလိုက်နဲ့ ဒီလူကြီး
ဘာဆေးမှားစားတာလဲမသိဘူး။

လုပ်ချင်ရာလုပ်ဆက်အိပ်မယ်ဆိုပြီး လွှတ်ထားပေမယ့် တဖြည်းဖြည်းနဲ့
လည်တိုင်တွေကိုပါ ဖိကိုက်နေတာကြောင့်
ဧကသုထက် ဦးရယ့် ရင်ဘက်ကို တွန်းထားကာ
ဆူပုတ်ပုတ်နဲ့ ကြည့်ရင်း
မနက်ချိန်ခါ တေးသံသာ
အသံစူးစူးလေးပါ ထွက်လာတော့သည်။

"ဦး!!! ဘယ်လိုဖြစ်နေတာလဲ ကလေးလေး အိပ်ချင်သေးတယ်ဗျာ "

"အိပ်လေ ဦးဘာပြောလို့လဲ"

မင်းကမ္ဘာတည်ရယ့် စကားအဆုံး
လက်မောင်းကို ဖတ်ခနဲ ဖြတ်ရိုက်ခြင်းခံလိုက်ရသည်။

"ကလေးနော် လူကြီးကိုရိုက်တယ်ပေါ့ ငရဲကြီးနေမယ်"

"ကြီးကြီးပေါ့ မကြောက်ဘူး
ဦးကရော ဘာလို့နှောင့်ယှက်နေတာလဲ ဒီနေ့လေးတစ်ရက်လောက် အိပ်တာကို"

Simple(S2){complete}Where stories live. Discover now