Ep5

3.5K 267 7
                                    


"ဦးလေးကြီးက လာလည်းမကြိုသေးဘူး"

သုလေးတစ်ယောက် နေ့ခင်းတည်းက ဆူနေတယ့် နှုတ်ခမ်းက ပိုပိုတိုးကာ ဆူလာပါပြီ။

အရင်ကဆို စာသင်ချိန်တောင် တတောင်တောင် စာပ်ု့တက်တယ့်ဦးလေးကြီးက ခုတော့ hiဆိုတယ့် စာလေးတစ်စောင်တောင် ဝင်မလာ

မနက်ကလည်း လူကိုရင်ခုန်အောင် လုပ်ပြီးစတာတယ့် သုလေး ကျောင်းက ကားပါကင်စောင့်နေရင်း မြေကြီးကိုသာ ဖိနပ်ထိပ်နဲ့ ပျင်းတာကြောင့် ထ်ုးဖွနေလိုက်သည်။ ကျောင်းကလူတောင် သိပ်မရှိတော့ဘူး ဒီလူကြီးကတော့လေ လာမကြိုနိုင်လည်း ပြောပါလား ခုတော့ ဖုန်းဆက်လည်း မကိုင် လာလည်းမကြိုသေး ဘာလုပ်ရမှာလဲ

စိတ်ရှုပ်လာတယ့် သူလေး မြေကြီးကို ထိုးဖွကာ ဆူပုတ်နေတယ့်အချိန်
ဘေးကို ရောက်လာတယ့် အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ကြောင့် မော့ကြည့်တော့ သူလည်း လွယ်အိတ်လေးပိုက်ကာ စောင့်နေတာမလို့ ဒီဘက်ကို နည်းနည်းတိုးပေးလိုက်ရင်း

"လာမကြိုသေးလို့လား လာလေ ဒီဘက်တိုး "

"အာ ရပါတယ် အင်းပေါ့ လာမကြိုဘူးဘဲ ပြောရမှာပေါ့ ကားပျက်သွားလို့ အိမ်ကို လှမ်းခေါ်ထားရတယ်လေ "

"ဟုတ်"

သုလေးလည်း လူမှုရေးအရ မေးပြီးပြီးမလို့ ဆက်မမေးတော့ဘဲ
ဒီတိုင်းသာ ဆက်ဆောင့်နေလိုက်သည်။

ဂွီ

သန့်ဇင်ပိုင် အိမ်က ကားလာမခေါ်သေးတာကြောင့် စောင့်နေရင်း ဘေးနားက အကောင်ပေါက်လေးဆီက ဂွီခနဲကြားတာကြောင့် လှည့်ကြည့်တော့

ကျွန်တော်ကြည့်တာ သိသွားလို့ထင်ပါတယ် နားရွက်ကလေးတွေတောင်ရဲလာပြီး

"ဟို သားဗိုက်ဆာလို့ဟုတ်ဘူး ဒီအတိုင်း ဗိုက်ထဲက မြည်တာ"

ထွက်လာတယ့် ပေါက်စအသံကြောင့် ခွီးခနဲ မရယ်မိအောင် ထိန်းထားရသည်။
ဘယ်လို အကောင်ပေါက်လေးလည်း သူ့ညီလေးသာဆို ဖောင်းနေတယ့် ပါးတွေကို ကိုက်ဆွဲပစ်ပြီ

မနေနိုင်တယ့် အဆုံး အိတ်ထဲကိုရှာတော့
ထွက်လာပါတယ် သကြားလုံးလေးတွေ
ဘေးနားက ဆူပုတ်ပုတ်နဲ့ အကောင်ပေါက်ရယ့် လက်ထဲကိုဆွဲပြီး ထည့်ပေးတော့ ပြူးကြောင်ကြောင်လေးပြန်ကြည့်သေးသည်။

Simple(S2){complete}Where stories live. Discover now