Ep23

2.7K 192 15
                                        

ဧကသုထက် ကြမ်းပြင်မှာ ဒူးထောက်ထိုင်နေတယ့် ဦးဆီကိုသွားကာ
ဦးရယ့် မျက်နှာကို လက်ကလေးနဲ့အုပ်ပိုင်ရင်း
မျက်လုံးချင်း စုံအောင်ကြည့်တော့ သူ့ကိုယ်သူ အပြစ်တင်ခြင်းများနဲ့
ဦး

"ဦးရယ် ကလေးလေးကိုပြောပါဦး ဘာဖြစ်ရတာလဲဟင်"

"ဟိုလေ ဟိုညကကိစ္စကို ဦးတောင်းပန်ပါတယ်နော်.ဦးလေ ကလေးလေးကို အရမ်းချစ်တာ
တန်ဖိုးမထားတာမဟုတ်ပါဘူး
တောင်းပန်ပါတယ် ဦးကို စိတ်မဆိုးပါနဲ့နော် ဦးလေ"

ကြေကွဲနေတယ့် မျက်ဝန်းတွေနဲ့ စကားတွေ တုန်ရီစွာ တောက်လျောက်ပြောနေတယ့် ဦးကြောင့် သုလေးလည်း ဦးကို ရင်ခွင်ထဲထည့်ဖက်ကာ

"မငိုပါနဲ့ ဦးရယ် ကလေး စိတ်မဆိုးဘူးနော်
ဒါကြောင့် ဘာဖြစ်နေတာလဲ ပွင့်ပွင့်လင်းလင်းပြော ကလေးလုံးဝ စိတ်မဆိုးဘူး ဟုတ်ပြီလား"

"ဟို ညက ဦးကလေးကို အပိုင်သိမ်းမိသွားတယ်မလား တောင်းပန်ပါတယ်နော် ဦး လက်ထပ်မှာပါ။
ဒီကိစ္စကြောင့် မဟုတ်ပေမယ့် ဦးစတည်းက လက်ထပ်ဖို့အထိ ရည်ရွယ်တာပါ ကလေးရယ်"

"အော် ဦးရယ်"

ဧကသုထကိ ဦးရယ့် ကျောလေးကိုသာ ကလေးတွေကို ချော့ရင် သပ်ပေးလို သပ်ပေးနေမိသည်။

ဦးရယ် ကလေးစိတ်ဆိုးမှာ ဒေါသထွက်မည်ကို ဒီလောက်တောင်ကြောက်သည်တယ့်လား။
လက်ထပ်ဖို့အထိကို တွေးထားသည်တယ့်လား
အခုမှ ဧကသုထက်လည်း သူ့အဖြစ်ကိုသူပြန်တွေးကာ ရယ်ခြင်မိသည်။

ငယ်သေးတယ့် ဒီလို တက္ကသိုလ်တက်နေတယ့် အရွယ်မှာ အခြားလူပင်မရှိ ဦးကိုသာ ပထမဆုံး ချစ်တယ်ဟုဖွင့်ပြောခြင်းနဲ့ တွဲမိသည်။
ဟင်း ဒါပေမယ့် ဦးသာ ဒီအကြောင်းတစ်ခုကိုသိရင် ရယ်ဘဲရယ်မလား စိတ်ဘဲဆိုးမလားမပြောတတ်
သူ လက်ထပ်ဖို့အထိ မစဉ်းစားခဲ့ဘူးသလို
ဒီအတိုင်း ဦးနားမှာ ကလေးတစ်ယောက်လိုချွဲမယ် ချစ်ကြောင်းတွေအများကြီးပြောမယ် ပျော်ပျော်နေမယ်ဘဲ သူတွေးခဲ့ဘူးတာ။

အင်းပေါ့ မရင့်ကျက်သေးတယ့် သူ့အတွက် အဲ့ဒါတွေ ဘယ်တွေးဖြစ်ဦးမလည်း
ဒါပေမယ့် ခုဦးရယ့် စကားသံမှာ တွေးမိခဲ့ပြီ သေချာတာတစ်ခုကတော့
ဘယ်လိုဖြစ်ဖြစ် ဦးနဲ့ လက်ထပ်ဖို့
သူ့အနေနဲ့ နေရာလေးတစ်ခုကို အရင်လိုချင်လာသည်။

Simple(S2){complete}Tahanan ng mga kuwento. Tumuklas ngayon