Ep4

4K 265 16
                                    

မနက်ခင်း နေရောင်ခြည်အောက်မှာ
ငြိမ့်ငြိမ့်လေးရွေ့လျားနေတယ့် ကားအနက်ရောင်လေး

မောင်းသူနေရာက သတ်လတ်ပိုင်း လူတစ်ဦးကတော့ တင်းနေအောင်စိထားတယ့် နှုတ်ခမ်းပါးတစ်စုံနဲ့ စူးရှနေတယ့် မျက်ဝန်းတစ်စုံ အဖြူရောင်ဆေးဆိုးထားတယ့် ဆံသားတွေနဲ့ကလည်း ဂျလေဘီမဆန်ဘဲ
လုံးဝက်ု ခန့်ညားမှုကို ဖြည့်စွက်နေပြန်သည်။

ကားစတီယာတိုင်ကို ကိုင်ထားတယ့် သွေးကြောမျှင်တွေယှက်ဖြာနေတာကိုတောင် မြင်ရတယ့် လက်တစ်စုံရယ့်
သွယ်လျတယ့် လက်ချောင်းတွေက
တစ်ချက်စီ စတီယာတိုင်ကို ထိခေါက်လိုက်တိုင်း စန္ဒယားတီးနေသလို

မင်းကမ္ဘာတည် ကလေးအကြောင်းကို
ကားမောင်းရင်း တွေးမိရင်းနဲ့ပင်
ကိုယ်တ်ုင်တောင်မသိလိုက်ဘဲ ပြုံးမိသွားပြန်သည်။

စိုးမိုးလိုက်တာ ကလေးရယ် မင်းလေးကတော့လေ ကိုယ့်ရယ့် ရှင်ဘုရင်လေးဘဲ

မင်းကမ္ဘာတည် အခုဆ်ု ကလေးနဲ့အတော်ကို ရင်းနှီးနေပြီ နေ့တိုင်းလည်း ကျောင်းပို့ကျောင်းကြို လုပ်ပေးဖြစ်နေပြီ ချစ်ဖို့ကောင်းတယ့် ကလေးကတော့ အခုထိ ဦးလေးကြီးလို့ ခေါ်ဆဲ

အကိုလွန်းကတော့ သူဖြစ်နေတာကို သိတယ်ထင်ပါရဲ့ သိပ်မကြည်ပေမယ့် လည်း ဘာမှတော့မပြောဘူး

မင်းကမ္ဘာတည် ကိုယ့်ကို တကယ်တော့ အံ့ဩမိတယ် 
အရင်တည်းက တွေးထားမိတာ စီးပွားရေးတွေလုပ် ပြီးရင် အသက်ကြီးလာရင် တစ်ကိုယ်တည်း
ဘိုးဘွားရိပ်သာသွား ရှာထားတာတွေ လှူပစ်လိုက်မယ်ဆိုပြီး ရိုးရိုးလေးသာ တွေးထားတာ အခုလို ချစ်သူတွေ့မယ်ဆိုတာ မစဉ်းစားခဲ့သလို တွေးလည်းမတွေးဖြစ်ခဲ့ 

အခုတော့လည်း ကိုယ့်ထက် ၁၀နှစ်လောက်ငယ်တယ့် ကလေးကို အလိုတွေလိုက် ဖွင့်မပြောရသေးဘဲ
အတင်းကို လိုက်ကပ်နေတာ သူများတွေသာကြားရင် ကလေးမုန့်ပေးကြိုက်တယ်ဖြစ်မှာ

မင်းကမ္ဘာတည် ကိုယ့်အတွေးနဲ့ကိုယ်ရယ်မိသည်။
အား ဒီ၁၀နှစ်လောက်ငယ်တယ့် ရှဉ့်ပေါက်လေးနဲ့ ကျမှကွာ
ရင်ခုန်သံတွေလည်း ဗြောင်းဆန်နေပြီ

Simple(S2){complete}Where stories live. Discover now