Ep15

2.6K 213 9
                                    

"ဦးရေ အလုပ်ကြီးဘဲ လုပ်မနေနဲ့  အသီးလည်း စားဦးလေ"

မနက်စာစားပြီးတည်းက ဖိုင်တွေသာ ကြည့်ပြီး အလုပ်တွေလုပ်နေတယ့် ဦးကို သုလေး ဆူဆောင့်စွာ ပြောမိပါသည်။
အလုပ်လုပ်ရမယ်ဆိုတာ သိပါတယ် ဒါပေမယ့်လည်း နေမကောင်းတယ့် အချိန်လေးတော့ နားမှပေါ့

"ခနလေးပါ ကလေးရယ် ဦးဒါလေး စစ်ပြီးရင် ပြီးပြီနော် မွှစ်"

မင်းကမ္ဘာတည် ဘေးနားမှာ ထိုင်ကာ စိတ်ဆိုးခြင်နေတယ့် ကလေးပေါက်လေးကို အာဘွားလေးပေးပြီး အရံချော့ထားရသည်။ ကလေးလေး စိတ်ပူတာ သိပေမယ့် သူလည်း ဒါတွေပြီးမှ ကလေးနားအေးဆေးကပ်လို့ရမှာမလား

"ပြောမရလည်းလုပ်ဗျာ ဒါပေမယ့် ခနနေရင်တော့နားနော် ရော့အသီးစားဦး အာ"

ကလေးပိစိလေးတွေကို ထမင်းခွံသလို အာလို့ပြောပြီ သစ်သီးတွေ ခွံ့ပေးတယ့် ကလေးကြောင့် မင်းကမ္ဘာတည် ပါးစပ်ထဲလည်း သစ်သီးတွေနဲ့ ပြည့်နေပြီ
ဒါတောင် ထပ်ခွံ့တယ့် ကလေးကြောင့် သူမနည်း တားထားရသည်။
မဟုတ်ရင် နင်နေလောက်ပြီလေ။

သစ်သီးတစ်ပန်းကန်ကုန်သွားမှ သုလေးလည်း ဦးကိုခွံ့တာ ရပ်လိုက်ကာ
စာရင်းလုပ်နေတယ့် ဦးပေါင်ပေါ်ကို ခေါင်းအုံးချလိုက်သည်။

"အိပ်ချင်လို့လား ကလေး "

"ဟင့်အင်း ဦးပေါင်ပေါ်မှာ ခနလှဲခြင်လို့ပါ "

"အွန်းပါ ဒါပေမယ့်ခနဘဲနော် ကလေးလေး ဇာတ်နာသွားမယ် "

"ဟုတ် ဦး"

ဧကသုထက် ဦးရယ့် ပေါင်ပေါ်မှာ ခနလောက်လှဲနေရာကနေ ပက်လက်လှန်လိုက်ရင်း ဦးရယ့် မျက်နှာဆီကို ကိုင်တွယ်ထိတွေ့နေမိသည်။

ဒီ နှာတံလေး ဒီလိုကြည့်ကောင်းတယ့် မျက်လုံးလေး နှုတ်ခမ်းလေးတွေရှိတယ့် ကြည့်လို့ကောင်းလှတယ့်သူက သူ့ရယ့် ချစ်သူတယ့်လား ပျော်လိုက်တာ

မင်းကမ္ဘာတည်ကတော့ သူ့ရယ့် မျက်နှာပေါ် ပြေးလွှာနေတယ့် ကလေးရယ့်လက်ကလေးကို ဆွဲယူကာ
လက်ခုံလေးကို အမြတ်တန်ုးနမ်းရှိုက်လိုက်တော့ ချစ်စရာရယ်သံ သေးသေးလေးက ပေါ်ပေါက်လာသည်။

Simple(S2){complete}Where stories live. Discover now