မင်းကမ္ဘာတည် companyရှေ့ကို ရောက်တော့ ကားရပ်ကာ ဘေးနားက ကလေးကို ကြည့်တော့ အိပ်ပျော်နေပြီ ဖြစ်တာမလို့ ပြုံးမိသွားသည်။
အေးချမ်းလိုက်တာ ကလေးလေးရာ
ထိုင်ခုံမှာ ကွေးကွေးလေးအိပ်နေတယ့် ကလေးကို လန့်မနိုးစေဖို့ မင်းကမ္ဘာတည်တစ်ယောက် အသာလေးနေရာရွေ့ကာ ပွေ့လိုက်ရင်း
companyထဲ ဝင်လာတော့
အားလုံးက ကလေးကို အထူးအဆန်းကြည့်နေတာမလို့ စိုက်ကြည့်မှ သတိဝင်ကာ ကိုယ့်အလုပ်ကို
လုပ်နေကြသည်။"သူဌေး မြေကွက်အခြေအနေကို "
မင်းကမ္ဘာတည် ကလေးကို ချီထားရင်းနဲ့ သူ့ကိုမြင်တာနဲ့ အပျော်ကြီးပျော်နေတယ့် မျက်နှာနဲ့ ဝမ်းသာအားရထပြောလာတယ့် အတွင်းရေးမှူးလေးကို လက်ကာပြကာ
စကားပြောတာ ရပ်စေရင်း အခန်းထဲကိုသာ ဝင်လာခဲ့သည်။အခန်းထဲကို ရောက်တာနဲ့ ဆိုဖာကြီးပေါ်မှာ ကလေးရယ့် ကိုယ်လေးကို အသာပွေ့ချကာ ခန္ဓာကိုယ်မနာစေရန် အနေအထားကို သေချာပြင်ပေးပြီးမှ ကလေးရယ့် ပါးဖောင်းဖောင်းလေးကို နူးညံ့စွာ နမ်းရှိုက်ရင်း အချိန်အတော်ကြာ အသားယူကာ အခန်းပြင်သို့ ပြန်ထွက်လာပြီး အလုပ်ကိစ္စဆေ်းနွေးရန် ပြုလုပ်လိုက်သည်။
တကယ်လို့ ရုံးခန်းထဲမှာသာဆို
ကလေးသူတို့ရယ့် အသံနဲ့ နိုးသွားမှာ စိုးရသည်လေ။အခန်းပြင်ရောက်တော့ လမ်းကိုဘယ်ပြန်ညာပြန် ခြေခေါက်မတက်လျောက်နေတယ့် အတွင်းရေးမှူးစပ်စလူးလေးကို တွေ့တာကြောင့် မျက်မှောင်ကြုတ်ကာ လက်ပိုက်နေတော့
အတော်ကြာမှ မြင်သွားတယ့် အတွင်းရေးမှူးမလေးက
"ဟီး ဆရာ ကျွန်မ မစပ်စုဘူးနော် ဒီအတိုင်း ညောင်းလို့လျောက်နေတာ"
"စာရွက်"
"ဒီမှာ ဆရာ"
ထို့နောက် မင်းကမ္ဘာတည် ဆွေးနွေးမယ့် အခန်းမရောက်မချင်း ဘေးနားက မစပ်စုပါဘူးဆိုတယ့် အတွင်းရေးမှူးမလေးရယ့် အမေးများစွာကိုလည်း ဆူညံစွာ နားဒုက္ခခံလိုက်ရသည်။
ပြောလို့ပြောတာမဟုတ်ဘူး ကလေးအသံကမှ ဘယ်လိုနားထောင်ထောင် သာယာတာ။
ŞİMDİ OKUDUĞUN
Simple(S2){complete}