"ကလေးလေး ဘာစားမလဲ "
ဆောင်းအအေးဓာတ်က ညအချိန်မှာ ပိုတိုးလို့ဝင်လာကာ လေအေးလေးတွေပါ တစိမ့်စိမ့်ဖြစ်နေပြီမလို့ ကလေးလေးရယ့် နှာခေါင်းလုံးလုံးလေးဟာ အေးကာ အနည်းငယ်ရဲနေတာကြောင့် မင်းကမ္ဘာတည်ဘဲ လက်ကလေးအချင်းချင်းပူးကာပွတ်ရင်း
ကလေးလေးရယ့် နှာခေါင်းလေးကို နွေထွေးသွားအောင် လုပ်ပေးတော့
ကလေးလေးက သဘောတကျကျ"ဖက်ထုပ်ဆီချက်စားမယ်"
အသံတိုးတိုးလေးနဲ့ လာပြောတယ့်ကလေးလေးက ချစ်စဖွယ်လေး
မင်းကမ္ဘာတည်လည်း ကလေးနဲ့အတူတူ ဖက်ထုပ်ဆီချက်နှစ်ပွဲမှာကာ
ကြက်ပေါင်းတစ်ပွဲပါမှာလိုက်သည်။
ဒီကလေးကို အားရှိအောင်ကျွေးမှ
ပါးဖောင်းလေးတွေ ပျောက်လို့ရှိရင် ဒီကောင်ဘဲ ခံစားရမှာသုလေးကတော့ ဦးစိုက်ကြည့်ကာ ပြုံးနေတာသိပေမယ့် မသိခြင်ယောင်ဆောင်ကာ
ဦးသောက်ဖို့ ရေနွေယသာ ငှဲ့ပေးနေလိုက်သည်။ ဘာလို့ဆို ဦးကိုသာ သူပြန်ပြောနေမယ်ဆို ဒီနေရာတင် ဦးက တစ်ကိုယ်တော်အနမ်းပြိုင်ပွဲလုပ်ပြီး သူ့ပါးကြီးကို ပေါက်ထွက်အောင် နမ်းပစ်တော့မှာလေ။ဒါကြောင့် သူလည်း ရေနွေးငှဲ့ရင်းနဲ့ ဆိုင်အပြင်ဆင်ကိုသာ ကြည့်နေလိုက်သည်။
တရုတ်တန်းမှာရှိတယ့် ဒီစားသောက်ဆိုင်လေးက တကယ်လှသည်။ ရှေးခေတ်ပုံစံဘက်ကိုပါ သွားကာ မီးပုံးနီနီလေးတွေပါ အလှတပ်ထားသည်လေ။အခန်းငယ်ပုံစံဖြစ်အောင် တစ်ဝိုင်းနဲ့တစ်ဝိုင်းကို အကန့်လေးတွေလုပ်ပေးထားသည်။
ဧကသုထက် ဒါမျိုးဆိုင်လေးကို ကြည့်ပြီး သူလည်းဒါမျိုးလုပ်ဖို့အတွက် တွေးမိလာသည်။ အခြားစီးပွားရေးကမကောင်းတာတော့မဟုတ်ပေမယ့် သူ့အနေနဲ့ဆို
အစားအသောက်လူတိုင်းစားဖြစ် နေ့တိုင်းစားနေကြတာလေ အဲ့တော့ဒါမျိုးလုပ်ငန်းက အတော်မြတ်ပြီး စီးပွားဖြစ်မည်ကိုတွေးကာ စုဘူးလေးထဲက ပိုက်ပိုက်တွေကို စိတ်ထဲက ရေတွက်နေမိသည်။မင်းကမ္ဘာတည် မှာထားတာတွေရောက်လာတယ့်အထိ
ရေနွေးလေးသောက်ရင်း တစ်ခုခုတွေး
နေတယ့် ကလေးလေးရယ့် ခေါင်းကိုအသာလေးဖွကာ
YOU ARE READING
Simple(S2){complete}