Ep22

2.4K 199 7
                                    

သုလေး ခန်းမကနေ အပြင်ထွက်ကာ
ခေါင်းနောက်နေတာကြောင့် လေဝအောင် ရှူနေမိသည်။

မွန်းလိုက်တာ လူတွေကအများကြီးနဲ့
ဟိုမှာ ပါပါးတို့နဲ့တောင် ဒါမျိုးပွဲလိုက်တာမဟုတ်ဘူး။

အပြင်မှာ ခနလောက်နေပြီးတာနဲ့ သုလေး
ခန်းမထဲသို့ ပြန်ဝင်ရန်သာ လုပ်လိုက်သည်။

ဧကသုထက် ပွဲထဲတောင် မရောက်သေး
လူရှင်းတယ့် နေရာနားတင် ရှိသေးသည်။
လူကို အတင်းလာဖက်တယ့် လူကြောင့် လန့်သွားရသည်။

"အား ခင်ဗျား ဘာလုပ်တာလဲ"

"ဟီး အလှလေး ချစ်စရာလေး ကိုယ်နဲ့တွဲမလားဟင် ကိုယ်က အလှလေးအတွက်ဆို sugar daddy လုပ်ပေးမယ်လေ"

မူးရူးပြီး ရမ်းကာ လူကို အတင်းလက်လိုက်ဆွဲနေတယ့် သူကိုကြည့်တော့ သူ့ထက်အရပ်ရှည်တာကလွဲရင် ပိန်ပိန်ပါပါးနဲ့ မိန်းမချောချောတယ့်သူ နှုတ်ခမ်းကအစဆူထားပြီး မုန့်တောင်းနေတယ့် ကလေးလေးလို လက်ကိုလိုက်ဆွဲနေသည်။

"လိုက်ရှာရတာ babyရာ လာသွားမယ် ပြန်မယ်နော် ဒီကညီလေးကို တောင်းပန်ပါတယ်နော် babyနည်းနည်းမူးနေလို့"

လက်ကိုလာဆွဲတယ့်သူကို ပြန်ချုပ်ထားကာ ပုခုံပေါ်ထမ်းတင်လိုက်ရင်း တောင်းပန်တယ့်သူက တကယ်အားနာနေတယ့် ပုံပင်

"ရပါတယ်ဗျ "

ခေါင်းငြိမ့်ကာ အသိအမှတ်ပြုပြီး စောနက လူကို ထမ်းကာ ပြန်သွားတယ့် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့လူက မူးနေတယ့်လူနဲ့ ဘာပတ်သတ်လဲ မေးစရာမလို သူစိတ်ချစွာထည့်လိုက်သည်။
ဘာလို့ဆို လက်စွပ်ဆင်တူနဲ့မလား

"ရားးးး လွှတ် နှာဘူးကြီး ကလေးကို မုန့်ပေးကြိုက်တယ် daddyကို မကျေနပ်ဘူး"

"တိတ်တိတ်နေ ဘေဘီ ဆက်အော်ရင် နှုတ်ခမ်းပေါက်အောင် ကိုယ်နမ်းပစ်မယ်"

"အွ့န့်"

လက်ကလေးနဲ့ ပါးစပ်ကို ပိတ်ကာ ပါသွားတယ့် သူတို့နှစ်ယောက်ကို ကြည့်ရင်း ရယ်ခြင်မိသည်။
ဟိုက တော်တော်မူးနေတာ အရစ်ခံရတော့မယ်။

ဒါပေမယ့် သူများကို ရယ်မိတယ့် သုလေးဟာ ကိုယ့်အလှည့်ဆိုတာကို မတွေးမိလိုက်

Simple(S2){complete}Where stories live. Discover now