ကျွီ
ကားစက်ရပ်သံနဲ့အတူ သုလေးရယ့်
ခန္ဓာကိုယ်သည်လည်း အရှေ့သို့အနည်းငယ် ယိုင်သွားသည်။
ကားထဲကနေ ဘေးဘီကိုကြည့်တော့
မြင့်မားနေတယ့် ကျောင်းအုတ်တံတိုင်းနဲ့
ခမ်းခမ်းနားနားဆောက်လုပ်ထားတယ့် ကျောင်းကြီး
အင်းလေ နိုင်ငံတကာအဆင့်မှီဆိုတော့လည်း ဒါမျိုးဖြစ်နေမှာပေါ့
သုလေးကျောင်းထဲ မဝင်ခင်
စိုးရိမ်နေတယ့် စိတ်တွေကို
အသက်ပြင်းပြင်းရှုကာ လျော့ချလိုက်သည်။
ရှေ့မှာ ကားမောင်းတယ့်နေရာက
လိုက်ပို့ပေးတယ့် ဦးလေး သစ်ကတော့
"ဘာလဲ ကောင်လေး အရမ်းစိတ်လှုပ်ရှားနေတာလား"
"ဟီး လှုပ်ရှားတာပေါ့ ခုလို တစ်ယောက်တည်းတက်ရမှာဆိုတော့
ဘယ်လိုကြီးလဲ မသိဘူး"
ပြောရင်းနဲ့သုလေး ကိုကိုနဲ့မမကိုသတိရမိသည်။
ခုလို အထက်တန်းပြီးလို့ တက္ကသိုလ် တက်ရမယ့် အချိန် သုလေးတို့
အမွှာတွေက ကျောင်းမတူတော့
မမကလည်း အနုပညာကို ဝါသနာပါသည်။
ကိုကိုကလည်း စီးပွားရေး
သုလေးကတော့ ကွန်ပျူတာတက္ကသိုလ်ကိုသာ စိတ်ဝင်စား၍
ဒီကျောင်းကို ရောက်လာခြင်းပင်။
နောက်ဆုံးတော့လည်း အတွေးတွေကို ဖြတ်ချကာ ဦးလေးသစ်ကို တာ့တာပြရင်း
နားကြပ်လေးနစ်ဖက်တပ်ကာ ကားပေါ်ကနေဆင်းလာခဲ့သည်။
ကျောင်းဝန်းထဲရောက်တာနဲ့ သူ့ကို အထူးအဆန်းလိုက်ကြည့်နေကြတယ့်
လူတွေ
ဟုတ်သား သူကို တကယ်ထူးဆန်းနေမှာပေါ့
လူကောင်သေးတယ့်သူဟာ
ဖြူဖွေးတယ့် အသားနဲ့ နီထွေးထွေးလေးဖြစ်နေတယ့် နှုတ်ခမ်းလေး ဆံပင်ခပ်အုပ်အုပ်လေးဖြစ်နေတယ့်အပြင် ပါပါးနဲ့ ဒယ်ဒယ်ဆီက အမွေခံထားတယ့် မျက်လုံးရောင်တစ်မျိုးစီနဲ့လေ။
သုလေး အားလုံးကို ဂရုမစိုက်ဘဲ အတန်းဆီကိုသာ လျောက်လာတော့ နားကြပ်ထဲက ထွက်လာတယ့် သံစဉ်လေးတွေကလည်း သူကြိုက်သော သီချင်းမို့ တိုးတိုးလေး ရွတ်ဆိုနေမိသည်။
[You heart for take away Yeah Yeah Yeah Yeah ]4
Hey Hey Hey
What do you think you're going
KAMU SEDANG MEMBACA
Simple(S2){complete}