Ep30 (The end)

4.7K 205 13
                                    

နံနက်၁၀နာရီ
အခြားသော သူတွေမှာ နေ့စဉ်ကိစ္စတွေကို
လုပ်ဆောင်ပြီး သွက်လက်မှုရှိနေချိန်
နေရောင်ခြည်မျက်နှာပေါ်ဖြာကျနေတာတောင် ခေါင်းအုံးနဲ့ကာပြီး
ဆက်အိပ်နေတယ့် ကောင်လေးတစ်ဦး
ထိုကောင်လေးရယ့် ခါးသေးသေးလေးအား ကြီးမားတယ့်လက်တွေနဲ့ဖက်တွယ်ထားကာ အိပ်ပျော်နေသေးတယ့် သက်လက်ပိုင်းအမျိုးသားတစ်ဦး

အတော်ကြာနေမြင့်လာသည်နှင့် ဆက်အိပ်လို့ရမတော့စွာ အပူရှိန်ကြောင့် လွန့်လူးကာနိုးထလာကျသည်။

အရင်ဆုံးနိုးလာတယ့် ဧကသုထက်မှာမူ
ခန္ဓာကိုယ်က နာကျင်မှုကြောင့်
အိပ်ယာကနေ ထိုင်ဖို့အရေးတောင်
အံကြိတ်ကာ မနည်းထထိုင်ရသည်။
နာကျင်နေတယ့် ခန္ဓာကိုယ်ကြောင့်
စိတ်ရှုပ်စွာ ဆံပင်တွေကိုထိုးဖွလိုက်မိသည်။
ထို့နောက် ဘေးမှာ အဝတ်မပါဘဲ စောင်သာခြုံပြီး အိပ်နေတယ့် ဦးရယ့် မျက်နှာကို ကြည့်ရင်း တော်တော်အခြင်ပေါက်လာသည်။
လူယုတ်မာကြီး ငယ်တယ့်သူကို အလျော့ပေးမယ်တော့မရှိဘူး

တစ်ကိုယ်လုံး အမှတ်ရာတွေကြောင့် ပူစပ်နေကာ အောက်ပိုင်းတစ်နေရာကလည်း မခံစားဘူးတယ့် ခံစားချက်တွေနဲ့ စိုစိစိခြောက်ခြောက်ကပ်ကပ်ဖြစ်ခါ
အောင့်သက်ရင်း ပြောပြမတက်တယ့်ခံစားချက်ကိုခံစားနေရပြန်သည်။

ဧကသုထက်
အိပ်မောကျနေတယ့် ဦးကို စိတ်တိုစွာ
ခေါင်းအုံးနဲ့ ထရိုက်လိုက်မိသည်။
နာအောင်တော့မရိုက်ပါ ။
မနေ့ကမှ ယူထားတယ့်အသစ်စက်စက်ပူပူနွေးနွေးလင်ကြီးကို
နာအောင်လုပ်စရာလား။

"အားယို့ ကလေးရယ် ဘာလို့ထရိုက်တာလဲ"

မင်းကမ္ဘာတည်အရိုက်ခံရတာကြောင့် နိုးလာရင်း ဆူပွပွနဲ့ ခေါင်းအုံးနဲ့ရိုက်နေတယ့် ကလေးကြောင့်
လက်တွေကို ဖမ်းဆွဲကာ မနက်ခင်းအနမ်း
ပေးပစ်လိုက်သည်။
သွားမတိုက်ရသေးတာတောင် ကလေးနှုတ်ခမ်းလေးက ချိုနေတာဘဲ

"အွန့် တော်တော့ဦး အရမ်းနမ်းတာဘဲ
နာလိုက်တာ"

အနမ်းတွေ အရမ်းပေးလာတယိ့် ဦးရယ့် ဧကသုထက် ရင်ဘက်ကိုတွန်းရင်း
ဆူပွပွပြောတော့
ဦးက သုလေးဖြစ်နေပုံလေးကို သဘောတကျရယ်ကာ
သုလေးရယ့် အဝတ်ကင်းမဲ့နေတယ့် ကိုယ်လေးကို
စောင်တွေနဲ့ထွေးပွေ့ကာ ပေါင်ပေါ်သို့ ပွေ့တင်လိုက်သည်။

Simple(S2){complete}Tempat cerita menjadi hidup. Temukan sekarang