ONE

4K 246 29
                                    

"Hey Jake ဒီည ကားမောင်းပြိုင်ပွဲ မင်းလိုက်ဦးမလား။ ကြေးက အရမ်းမိုက်တာနော်။ နောက်ဆုံးပေါ် Lamborghiniအသစ်စက်စက်လေး။"

နောက်‌ဆုံးပေါ် Lamborghiniအသစ်လေးဆိုတော့ မျက်မှန်ဝိုင်းဝိုင်းအောက်က မျက်ခုံးတစ်ဖက်ကပင့်တတ်သွားသည်။

"မဆိုးဘူးပဲ။ စိန်လိုက်လေ။ တစ်ဖက်က ဘယ်သူလဲ။"

"မင်းငယ်ချစ်ကြီး Park Sunghoonတဲ့"

Park Sunghoonဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ ခပ်ပြုံးပြုံးဖြစ်နေတဲ့ မျက်လုံးတစ်စုံက ချက်ချင်း ခက်ထန်သွားသည်။

Park Sunghoonနဲ့ Sim Jaeyunဆိုတာ ဟိုးငယ်ငယ်လေးထဲက ကျောင်းမှာ မသိတဲ့သူမရှိတဲ့ ပြိုင်ဘက်နှစ်ယောက်။ စာဆိုရင်လဲ စာ။ အားကစားဆိုရင်လဲ အားကစား။ မိဘအသိုင်းအဝိုင်းချင်းကလဲ ရင်းနှီးတဲ့အပြင်ကို Parkအိမ်‌ေတာ်နဲ့ Simအိမ်‌ေတာ်ကလဲ ဘေးချင်းကပ်ရပ်။ Sunghoonနဲ့ယှဉ်တိုင်း ဒုတိယနေရာသာ အမြဲရသည့်Jake။ အဲ့ဒါကို သူလုံး၀မကျေနပ်။ ဘယ်လောက်ပဲ သူကြိုးစား ကြိုးစား နံပါတ်1နေရာကနေ ဆောင်ဟွန်းလုံး၀မဆင်း။ သူဠေးသားပီပီသသ နှစ်ယောက်လုံးက ပြိုင်ကားမောင်းရတာကို သဘောကျသည်။ အထူးသဖြင့် ညဘက်တွေမှာ လုပ်လေ့ရှိတဲ့ ကားမောင်းပြိုင်ပွဲ။

"ဒီတစ်ခါတော့ မကြာခင်က သူရထားတဲ့ ကားကို ထုတ်ကြွားတော့မယ်ပေါ့ ဟက် ငကြွားကောင်။ ကြည့်နေ မင်းအဲ့လောက်ကြွားချင်နေတဲ့ကား အားလုံးရှေ့မှာ ငါယူပြမယ်။"

သူနိုင်မယ်လို့ ကျိန်းသေကြိမ်းနေတဲ့ Jakeကြောင့် ဘေးနားကကြည့်နေတဲ့ Jayက ခပ်သွက်သွက်၀င်တားသည်။

"ဟေ့ကောင် ဟုတ်မှလုပ်နော်။ မင်းရှုံးရင် မင်းကားပေးလိုက်ရမှာ။ မင်းfatherကြီးနဲ့ တွေ့နေမယ်။"

Jayရဲ့စကားကြောင့် Jakeမျက်စောင်းလှမ်းထိုးလိုက်သည်။

"ဘာလဲ မင်းက ငါရှုံးမယ်ထင်နေတာလား။ ငါသွားမပြိုင်မှ ဟိုကောင်က ငါ့ကိုငကြောက်ဆိုပြီး လိုက်ဖွမှာ။"

တစ်ခုခုလွဲနေမှန်းကို သိနေတဲ့Jayကတော့ ခေါင်းတခါခါနဲ့ သူ့သူငယ်ချင်းကို မနိုင်တော့ပါ။

"ပြောလိုက် Leo, ဒီည ဘတ်ဆောင်းဟွန်းကို ရှင်းမ်ဂျယ်ယွန်းက စိန်ခေါ်တယ်လို့။"

CHALLENGE // JAKEHOONWhere stories live. Discover now