(ချစ်လှစွာသော စာဖတ်သူတို့
အဆုံးထိကို အရင်ဖတ်နော်.. တစ်၀က်နဲ့တင် ကျမကို ဝိုင်းဆဲမယ့်ကိန်းမြင်နေလို့..(╥﹏╥)~~~
" ငါ... "
တော်တော်ကြာတဲ့အထိ ဘာမှအဖြေပြန်မလာတဲ့ ဂျယ်ယွန်းကြောင့် ဆောင်ဟွန်း ဂျယ်ယွန်းဘေးမှာ ထောက်ထားတဲ့ လက်နှစ်ဖက်ကို ဖြုတ်လိုက်သည်..။
" ရပြီ.. ဒီလောက်ဆို ငါနားလည်ပြီ..။ "
ဂျယ်ယွန်းကို ကားပေါ်ကနေ အောက်ကို ချပေးလိုက်ပြီးတော့..
" ငါ ဒီနေ့အိမ်ပြန်မလာတော့ဘူး.. ငါ့ကို စောင့်မနေနဲ့..။ ဟက် စောင့်နေမယ်လဲမထင်ပါဘူး..။ မနက်ဖြန် ကွာရှင်းစာချူပ်ပို့ပေးလိုက်မယ်..။ ပျော်ရွှင်ပါစေ ဂျယ်ယွန်း..။ "
မျက်စိရှေ့တင် ကားပေါ်တတ်ပြီး ကားမောင်းထွက်သွားတဲ့ ဆောင်ဟွန်း..။
သူအခုဘာလုပ်မိလိုက်တာလဲ???
အခု ဆောင်ဟွန်း ဘာပြောသွားတာလဲ??
ထိုနေရာမှာပဲ လုံး၀မလှုပ်မယှက်.. ကျောက်ရုပ်တစ်ရုပ်လို ခံစားချက်ပါမဲ့သွားသည်။ သူ့နားထဲမှာ ကြားနေရတဲ့ စကားလုံးတစ်လုံး..။ ကွာရှင်းစာချုပ်?? နောက်ဆုံးတော့ ဆောင်ဟွန်း သူ့ကို ထားသွားခဲ့ပြီလား..။
* တစ်ချိန်မှာ သားကို သူစိတ်ကုန်သွားရင် နောက်ပြန်လှည့်လို့မရဘူးနော်..။ *မာမီပြောခဲ့တဲ့စကားတွေ..
အခု တကယ်ဖြစ်လာပြီပဲ..။ ဆောင်ဟွန်း သူ့ကို စိတ်ကုန်သွားပြီ..။ သူ့ရဲ့မရေရာ မသေချာတဲ့ အဖြေတစ်ခုကြောင့် အကုန်ပြီးဆုံးသွားပြီ...။
" သူ ငါ့ကိုမချစ်ဘူး... "
" ဒါပေမဲ့ ငါသူ့ကို လက်မလွှတ်နိုင်သေးဘူး..။ "
" ငါဘယ်လိုစိတ်နဲ့ ဒီအထိရောက်လာခဲ့ရလဲ..။ သူ ငါ့ကို ပြန်လှည့်ကြည့်မှာပါဆိုတဲ့ စိတ်တစ်ခုနဲ့..။ "
မူးမူးရူးရူးနဲ့ အော်ဟစ်နေတဲ့ ဆောင်ဟွန်းကိုကြည့်ရင်း ဂျေးနဲ့ ဟီဆွန်း ဘာပြောပေးရမလဲမသိတော့..။ ခုဏက ပွဲကနေထွက်သွားပြီး သိပ်မကြာ သူတို့ကို ငိုယိုပြီး ဖုန်းလှမ်းဆက်တဲ့ ဆောင်ဟွန်းကြောင့် အဲ့နေရာကနေ အမြန်ထွက်လာခဲ့ရသည်။ အခု အကြောင်းစုံကို ကြားပြီးတော့လဲ ဆောင်ဟွန်းအတွက် စိတ်မကောင်း...
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun