အခုဆိုရင် ဂျယ်ယွန်းနဲ့ ဆောင်ဟွန်းရဲ့ လက်ထပ်မယ့်သတင်းက လုံး၀ဟိုးလေးတကျော်။ နာမည်ကြီး ကုမ္ပဏီနှစ်ခုရဲ့ ပေါင်းစည်းမှုနဲ့အတူ သူတို့ရဲ့ သားနှစ်ယောက်လက်တွဲမှုက စီးပွားရေးသတင်းတွေအထိပါ ပါလာသည်။
အဲ့ဒါတင်မဟုတ်သေး။ ကျောင်းမှာလဲ အဲ့သတင်းကြောင့် သူတို့နှစ်ယောက်ကို ဂုဏ်ပြုအားပေးကြတဲ့သူတွေလဲ များသလို ၀မ်းနည်းပက်လက်ကြေကွဲကြတဲ့ မိန်းကလေးတွေလဲ များလှသည်။ အရမ်းမများပါဘူး။ တစ်ကျောင်းလုံးမှာရှိတဲ့ မိန်းကလေးတွေထဲက 98 99%လောက်ပါပဲ။
" ရားးး ဂုဏ်ပြုပါတယ် သားကြီးရာ အခုတော့ အိမ်ထောင်ရှင်ကြီး
ဖြစ်တော့မယ်ပေါ့။ "" မင်းကပါ အဲ့အကြောင်း ထပ်မပြောနဲ့။ မိုးလင်း ကျောင်းလာကတည်းက မိန်းကလေးတွေ အော်ဟစ်ပြောနေကြတာ ငါတစ်မနက်လုံးကြားပြီးပြီ။ "
မျက်နှာဖြူဖတ်ဖြူရောဖြစ်နေတဲ့ ရှင်းဂျယ်ယွန်းပုံစံက ကြားနေရတာ ငြီးငွေ့နေသလို။
" ဒီပိတ်ရက်လဲ အင်တာဗျူးတွေ ဖြေရဦးမယ်။ တန်းကိုစီနေတာပဲ။ နေစမ်းပါဦး လူနှစ်ယောက်ယူတာ သတင်းတွေ အဲ့လောက်ထိပလူပျံစရာလား။ ပြီးတော့ မီဒီယာ သတင်းဌာနတွေက အဲ့လောက်စပ်စုရလား။ ယူရင်ယူတယ်မှတ်ပေါ့။ ဟူးးး သူဠေးသားဖြစ်ရတာ
ပင်ပန်းလိုက်တာ။ "သူဠေးသားဖြစ်ရတာကို တစ်သက်လုံး အလုပ်ကြမ်းလုပ်ပြီး နေလာရတဲ့ပုံစံလိုမျိုး သက်ပြင်းတစ်ချချနဲ့။
" မင်းတို့နှစ်ယောက်လုံးက ရိုးရိုးသူဠေးသားတွေမှမဟုတ်တာ။ ဒီလောက်တော့ ရှိမှာပေါ့။ သည်းခံလိုက် ခဏပဲ။ "
" ပြီးတော့ မဂ်လာပွဲကို အလောတကြီးလုပ်ရလား ဘာလို့ နောက်လထဲလဲ။ ကျောင်းပြီးတဲ့အထိ မစောင့်နိုင်ကြဘူးလား။ "
ဂျေး ဂျယ်ယွန်းရဲ့နဖူးကို ခပ်နာနာလေး တစ်ချက်တောက်လိုက်ပြီး...
" အာ့ နာတယ်။ "
" မင်းအကြောင်းကိုမသိပဲနေမလား။ ရုတ်တရက် စိတ်ထဖောက်ပြီး မယူတော့ပါဘူးဆိုရင် အလကားနေ ကြားထဲက ငါတို့ပဲ ခေါင်းခြောက်တယ်။ "
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun