Ting Tong~~~~
" ဆောင်ဟွန်း တံခါးသွားဖွင့်လိုက်ပါလား ငါမအားဘူး..။ "
မီးဖိုချောင်ထဲက ဂျယ်ယွန်းအသံကြောင့် ဆိုဖာပေါ်မှာ လှဲနေရင်းကနေ မထချင်ထချင်နဲ့ တံခါးသွားဖွင့်လိုက်သည်..။
" စုံတွဲနေတဲ့အိမ်ကို အတွဲမရှိတဲ့သူက ဘာလာလုပ်တာလဲ..။ "
" မိုက်ရိုင်းတာ.. ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့သူကို လာတွေ့တာပေါ့...။ "
သူ့ကိုတွန်းပြီး အတင်းအိမ်ထဲ၀င်သွားတဲ့ သူငယ်ချင်းမလေး ဆော..။
" ရားး ငါ့အိမ်ကို နင်၀င်ချင်တိုင်း၀င်လို့ ရမယ်များထင်နေလား..။ "
" နင့်တစ်ယောက်ထဲအိမ်မှ မဟုတ်တာ ဂျယ်ယွန်းခွင့်ပြုရင်ရပြီ နင့်ခွင့်ပြုချက်မလိုဘူး..။ "
" ဒီဟာမလေးတော့.. "
အိမ်စီးဖိနပ်နဲ့ လှမ်းပစ်မလို့လုပ်ပေမဲ့ မီးဖိုချောင်ထဲက ထွက်လာတဲ့ ဂျယ်ယွန်းကိုမြင်တော့ ဖိနပ်အသာလေး ပြန်၀တ်လိုက်သည်..။
" ဟက် ကြောက်တာလဲ လွန်ရော..။ "
မဲ့သလို ရွဲ့သလိုနဲ့ သူ့ကိုလှမ်းပြောတဲ့ ဆော..။
" အော် ဆောပါလား ဘယ်လိုလုပ်ရောက်လာတာလဲ.."
မျက်နှာအနေအထားကတော့
သိပ်မအိုကေ.." ဂျယ်ယွန်းကို ဟိုကျေးဇူးကန်းအကြောင်း တိုင်မလို့လာတာ ဂျယ်ယွန်းရေ.. "
သူ့အကြောင်းတိုင်မလို့ဆိုတာနဲ့ မျက်လုံးချက်ချင်းပြူးသွားတဲ့ဆောင်ဟွန်း...
ဒီဟာမလေး ငါ့အကြောင်း ဘာမဟုတ်တရုတ်တွေလာတိုင်တာလဲမသိ..
" ပြောပါဦး သိချင်လို့ ဟင်းဟင်း.."
ဂျယ်ယွန်းရဲ့ ဟင်းဟင်းဆိုတဲ့ မဲ့သလိုရွဲ့သလိုအသံကြီးကြောင့် ဆောင်ဟွန်း ခေါင်းကနေခြေဖျားအထိ တောင့်သွားသလို....
ဂျယ်ယွန်းအနောက်ကနေ ဆောကို မပြောဖို့ မျက်ရိပ်မျက်နှာကဲကော လက်အုပ်တွေချီပြီးတော့ အချီချီတောင်းပန်နေတဲ့ ဆောင်ဟွန်းတစ်ယောက်..
" ဘယ်ကနေစပြောရပါ့မလဲ အများကြီးပဲဆိုတော့.. "
အကြီးစားမဲ့ပြုံးနဲ့ကြည့်လာတဲ့
ဆောကြောင့် ဆောင်ဟွန်း
ပြေးပေါက်ပိတ်ပြီ... လေလာအိမ်ထဲပဲ ပြေးဝင်နေရမလား..
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun