ဂျယ်ယွန်းတစ်ယောက် ဆောင်ဟွန်းကို ကားထဲမှာထားခဲ့ပြီးတော့ မင်ဂျီနဲ့အတူတူ ဆိုင်ထဲကို ၀င်လာသည်။
" ဟင် အကိုဆောင်ဟွန်း မလိုက်လာဘူးလား။ "
" အဲ့ဒါက သူက ကိစ္စလေးရှိလို့တဲ့ ဖုန်းပြောပြီးရင် ကားထဲပြန်ထိုင်နေလိုက်တော့မယ်တဲ့။ "
" ဟုတ်လား။ ခုဏက သူပဲ ဗိုက်ဆာတယ်ဆိုပြီး။ "
" အဲ့ကောင်က အဲ့လိုပဲ။ လာပါ သူ့ကိုမစောင့်နဲ့တော့။ "
မင်ဂျီကို Bookingတင်ထားတဲ့ စားပွဲဆီခေါ်သွားလိုက်ပြီး မှာစရာရှိတာ မှာနေလိုက်သည်။
Ph Ringing~~~~
ဂျယ်ယွန်းအိတ်ကပ်ထဲက ဖုန်းမြည်သံကြားလိုက်လို့ ထုတ်ကြည့်လိုက်တော့ မာမီ။
ဖုန်းကိုင်ဖို့ကို တွန့်နေတဲ့ ဂျယ်ယွန်း။ သူထင်တာမမှားရင် ကားထဲက ဘတ်ဆောင်ဟွန်း သူ့ကို အချွန်နဲ့မလိုက်ပြီထင်သည်။
" ဟဲလို မာမီ? "
ဖုန်းထဲက အမေဖြစ်သူရဲ့ အော်သံကြောင့် နားရွက်နဲ့ ဖုန်းနဲ့ကို ခွာလိုက်ရသည်။
" မာမီကလဲ "
" မာမီကလဲ ဘာလဲ လုပ်မနေနဲ့။ ကားထဲက ဆောင်ဟွန်းကို သွားပြန်ခေါ်ဆိုခေါ်လိုက်!!!!! "
" ဟုတ်ကဲ့။ "
သေချာတာပေါ့။ ဘတ်ဆောင်ဟွန်း သူ့ကိုကားထဲမှာ ထားခဲ့ကြောင်း မာမီ့ကို လှမ်းတိုင်လိုက်ခြင်း။
" မင်ဂျီ စားထားနှင့်နော်။ ကိုယ်ကိစ္စလေးရှိလို့ ခဏလောက် ခွင့်ပြုပါ။ "
" အာ ရပါတယ် အေးဆေးသွားပါ။ "
ဆူပုတ်ပုတ်နဲ့ စားသောက်ဆိုင်ထဲက ထွက်လာပြီး ကားပါကင်ဆီကို ဦးတည်လိုက်သည်။
ဆူပုတ်ပုတ်နဲ့လျှောက်လာတဲ့ ဂျယ်ယွန်းကို ကားထဲက ဆောင်ဟွန်းက ပြုံးစိစိနဲ့ ကြည့်နေသည်။ ဘတ်ဆောင်ဟွန်းတို့ ကားနောက်ခန်းထဲက ဘယ်လိုပြောင်းသွားလဲမသိ။ ရှေ့ခန်းမှာ အခန့်သားနဲ့။
ကားတံခါးမဖွင့်ခင် ကားရှေ့မှာ ရပ်ပြီး ဂျယ်ယွန်း သက်ပြင်းတစ်ချက်ချလိုက်သည်။
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun