THREE

1.2K 203 29
                                    

ကျောင်းကိုရောက်တော့ ဆောင်ဟွန်းကားပါကင်မှာ စက်ရပ်လိုက်ပြီး ကားပေါ်ကဆင်းလိုက်သည်။ ‌ပြီးတော့ ဂျယ်ယွန်းထိုင်တဲ့ ကားဘက်ခြမ်းကို တံခါးသွားဖွင့်ပေးပြီး ဂျယ်ယွန်းကို ကားပေါ်ကဆင်းစေသည်။ တစ်ကျောင်းလုံးကလူတွေက သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။

" မင်း ဒါကိုကျိန်းသေလုပ်ရမှဖြစ်မှာလား။ တစ်ကျောင်းလုံးကလူတွေ ငါတို့ကို ဘာထင်သွားမလဲ။ ငါတော့ အပြောမခံနိုင်ဘူး။"

" ဒါ မင်းသဘောတူထားတဲ့ အလောင်းအစားလေ။"

ဆောင်ဟွန်း ဂျယ်ယွန်းနားကို ဖြည်းဖြည်းချင်းတိုးလာလေ ဂျယ်ယွန်းကလဲ နောက်ကို တဖြည်းဖြည်းဆုတ်ရင်း ကားကိုမှီမိသွားသည်။

"ဘာလဲ မင်းက အခုထဲက အရှုံးပေးချင်နေပြီလား။ ငါဘာဆိုဘာမှ မစရသေးဘူးလေ။"

ပြောင်စပ်စပ်နဲ့ပြောနေတဲ့ ဆောင်ဟွန်းမျက်နှာကို ဂျယ်ယွန်းတစ်ယောက် ပြေးပြေးကုတ်ချင်နေသည်။

"ဆုတောင်းလေ ငါလုံး၀မရှုံးဘူး။"

"အာ့ဆိုလဲ မင်းနည်းလမ်းကို မြန်မြန်စတော့လေ။ ငါက လိုက်ကစားပေးဖို့‌ အဆင်သင့်ဖြစ်နေပြီ။"

ဂျယ်ယွန်းနားရွက်ကို လေတစ်ချက်မှုတ်ရင်း ဆောင်ဟွန်း ကားပါကင်ကနေ ထွက်လာသည်။ အရမ်းsensitiveဖြစ်တတ်တဲ့ ဂျယ်ယွန်းက ဆောင်ဟွန်း လေမှုတ်သွားတဲ့ သူ့နားရွက်ကို တကုတ်ကုတ်နဲ့ ခေါင်းကလဲ ဒေါသ အ‌ခိုးအငွေ့တွေထွက်လို့။

ကျောင်းတတ်တဲ့တစ်လျှောက်လုံး မိန်းကလေးတွေကို စပယ်ရှယ် Flirtလာတဲ့ ရှင်းဂျယ်ယွန်း ဘတ်ဆောင်ဟွန်းရဲ့ အလောင်းအစားနဲ့တွေ့မှ ငါးပါးကိုမှောက်ကော။ သူပဲဆက်တိုက်ခံနေရတယ်။ တန်ပြန်တိုက်စစ် ဘာမှမထုတ်နိုင်ဘူး။

***

"ရား ရား ရား ရှင်းဂျယ်ယွန်း မင်းဒါမြင်ပြီးပြီလား။"

အခန်းထဲမှာ မနက်က ဘတ်ဆောင်ဟွန်းကို ဘယ်လိုအနိုင်ယူရမလဲ အကြံထုတ်နေတုန်း အခန်းထဲကို ဝုန်းဒိုင်းကြဲရောက်ချလာတဲ့ ဂျေး။

" နည်းနည်းလောက် ဖြည်းဖြည်းသာ့သာ့လေး လာတော့ ဘာဖြစ်မှာမို့လို့လဲ။"

CHALLENGE // JAKEHOONWhere stories live. Discover now