ဂျေး ဂျယ်ယွန်းအနောက်က လိုက်လာပေမဲ့လဲ သိပ်အနားမကပ်ရဲ။ ဘာလို့လဲဆို ဆောင်ဟွန်းခန်းမထဲ မ၀င်ခင် သူအရင်ကြို၀င်လို့ ရအောင်ဆိုပြီး ဂျေးကို လာခေါ်ခိုင်းထားတာ။ အဲ့ဒါကို ဂျေးကမေ့ပြီး ဂျောင်၀န်းနီးနဲ့ ဖုန်းပြောနေရင်း အချိန်နားကပ်မှ သူသွားပြေးကြည့်တော့ ဆောင်ဟွန်းက ခန်းမတံခါးကြီးဖွင့်ပြီးတော့ကို ၀င်သွားသည်။
အဲ့တော့ ဂျေးတစ်ယောက် သူ့အပြစ်နဲ့သူ ဂျယ်ယွန်းနဲ့ ခပ်ဝေးဝေးက အတူတူလိုက်လာပေမဲ့ ဘာမှမပြောပဲ ခန်းမထဲကို အသာတကြည် အေးအေးဆေးဆေးသွားနေတဲ့ ဂျယ်ယွန်းကြောင့် သူပိုကြောက်သည်။ ပုံမှန်ဆိုရင် ဂျယ်ယွန်း သူ့ကို ငါးချက်လောက် ဆင့်ကန်မှာ။
ခန်းမရှေ့လဲရောက်ကော အခမ်းအနားမှူးရဲ့အသံနဲ့အတူ ခန်းမတံခါးပွင့်သွားသည်။ လျှောက်လမ်းထိပ်ဆုံးမှာ ရပ်နေတဲ့ ဆောင်ဟွန်းကတော့ ရင်ခုန်နေပေမဲ့ ဂျယ်ယွန်းရဲ့ သေေစလောက်တဲ့ အကြည့်ကို မြင်ရပြီးတဲ့အခါ လန့်ပြီး လက်ဖျားတွေပါ အေးစက်လာသလို။
* မင်းက ငါ့ကိုနိုင်ချင်တယ်ပေါ့ ဘတ်ဆောင်ဟွန်း ဟင်း ဟင်း ကြည့်ကြသေးတာပေါ့။ *
လျှောက်လမ်းအဆုံးကို ရောက်လာပြီး ကျမ်းသစ္စာဆိုပြီးတဲ့နောက် ဖာသာရဲ့
" သတို့သားနှစ်ယောက် နမ်းလို့ရပါပြီ"
ဆိုတဲ့ စကားအဆုံး ဂျယ်ယွန်းခါးကို ဆောင်ဟွန်း လက်တစ်ဖက်ထဲနဲ့ လှမ်းဆွဲလိုက်ပြီး သူနဲ့နီးကပ်စေသည်။ ခမည်းခမက်အမေနှစ်ယောက်ကလဲ စိတ်၀င်တစား ဖုန်းကင်မရာကြီး တကားကားနဲ့။ အဖေတွေက ထိုင်ဖို့မနည်းပြောယူနေရသည်။
အရင်က ပေလးဘွိုင်းဖြစ်ခဲ့တဲ့ ရှင်းဂျယ်ယွန်းခမျာ ဒီအခြေအနေကြီးကို ရင်တွေအဆမတန်ခုန်လို့။
ဆောင်ဟွန်း တဖြည်းဖြည်းနီးကပ်လာလေ ဂျယ်ယွန်း ပိုပြီးတော့တောင် ရင်ခုန်လေ။
ဒါပေမဲ့....
နှုတ်ခမ်းနှစ်ခုထိခါနီး ဂျယ်ယွန်းလုပ်မိလိုက်တာက...
" အားလားလား ရှင်းဂျယ်ယွန်းးး "
" ဟဲ့ ရှင်းဂျယ်ယွန်းးးး "
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun