ဆောင်ဟွန်းတစ်ယောက် အခန်းတံခါးရှေ့မှာ ခေါက်တုံ့ခေါက်ပြန်နဲ့ အထဲ၀င်သွားသင့် မ၀င်သွားသင့် စဉ်းစားနေရင်း မသိစိတ်က အလိုလို တံခါးသွားခေါက်မိသည်။
" ဂျယ်ယွန်း... "
သူလှမ်းခေါ်တော့လဲ အထဲက ပြန်ထူးသံမကြား..။ တော်တော်လေးကို စိတ်ဆိုးသွားသည်ထင်သည်.။
အခန်းတံခါးများ ဂျက်ချထားလား သိချင်စိတ်နဲ့ ဖွင့်ကြည့်တော့ အသာတကြည် ပွင့်သွားတဲ့ တံခါး...။
သူအခန်းထဲ၀င်လာတော့ ကုတင်ပေါ်မှာ အိပ်ေပျာ်နေတဲ့ ဂျယ်ယွန်း..။
သူအနီးကပ်သွားကြည့်ကြည့်တော့ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ နောက်ပြီး သူအံ့ဩတကြီးနဲ့ ကြည့်နေမိတာက ဂျယ်ယွန်းမျက်နှာပေါ်က မျက်ရည်စီးကြောင်းတွေ...။
* သူငိုထားတာလား..??? *
ကုတင်ဘေးမှာ ၀င်ထိုင်လိုက်ရင်း ဂျယ်ယွန်းကို ကြည့်နေတော့ အိမ်မက်ဆိုးများ မက်နေလို့လားမသိ တစ်ချက်ချက် မျက်နှာက ရှုံ့ရှုံ့သွားသည်။ တစ်ခုခု နာနေသလိုမျိုး။
တစ်နေရာရာများ နာနေလား သူလိုက်ရှာကြည့်တော့ ခြေဖမိုးပေါ်က ရေနွေးပူဒဏ်ရာနီနီ...။ အဲ့က ဒဏ်ကြောင့် ဂျယ်ယွန်း ကောင်းကောင်း အိပ်မရတာထင်သည်။
အောက်ထပ်ကို ပြန်ဆင်းလာပြီး ရေခဲသေတ္တာထဲမှာ အဆင်သင့်ထားထားတဲ့ ရေခဲအိတ်ကိုယူ.... အခန်းဆီကို ပြန်လာကာ ဂျယ်ယွန်းရဲ့ခြေထောက်ကို အသာလေးမပြီး သူ့ပေါင်ပေါ်တင်ထားလိုက်သည်။ သူ့အိပ်ပုတ်လေးကတော့ မနိုးသွား..။
ဂျယ်ယွန်းရဲ့ ခြေဖမိုးကို ရေခဲကပ်ပေးရင်းနဲ့ သူလုပ်ခဲ့တာတွေကို တကယ်နောင်တရနေသည်။ ဘယ်လောက်ပဲ ဂျယ်ယွန်းဆီက တုံ့ပြန်မှုလိုချင် လိုချင် ဒီလောက်ထိက သူတအားရက်စက်လွန်းရာ ကျသွားသည်။
ဘယ်လောက်တောင် နာနေလဲမသိ.. တစ်ချက်တစ်ချက် သူေရခဲကပ်ပေးနေရင်းကနေ ခြေထောက်လေးက တွန့်တွန့်သွားသည်။ ရေခဲကပ်ပေးတာ ရလောက်ပြီဆိုတာနဲ့ တခြားဒဏ်တွေမထိအောင် ပတ်တီးနဲ့ အသာလေးစည်းပေးလိုက်တော့မှ ဂျယ်ယွန်းကောင်းကောင်း အိပ်ပျော်သွားတော့သည်။
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun