FIFTEEN

1K 175 36
                                    

" အာ ဒါနဲ့ ကျောင်းကပွဲကိုလေ.. "

ကျောင်းကပွဲဆိုတဲ့အသံကြားတာနဲ့ ‌မနေ့က ကိစ္စကို ပြန်မြင်ယောင်ပြီး ဂျယ်ယွန်း ဇွန်းကို စားပွဲပေါ် ပစ်ချလိုက်သည်..။

" ကျစ် စားရတာ အရသာပျက်လိုက်တာ.. "

ဘေးခုံပေါ်ကလွယ်အိတ်ကို ဆွဲယူပြီး အိမ်ထဲက ထွက်သွားသည်။

" ရား တူတူသွားမယ်လေ.. "

ဆောင်ဟွန်း ဂျယ်ယွန်းနောက်ကို လိုက်ပြေးလာပေမဲ့လဲ ဂျယ်ယွန်းက ခြံထဲကနေ ကားမောင်းပြီးထွက်သွားပြီ။
* အင်းး ဆောင်ဟွန်းလွယ်အိတ်ထဲက ရင်ထိုးလေးကတော့ ပိုင်ရှင်မဲ့ပြီထင်ပါရဲ့ *






" အဲ့ဒီ့တော့ ဘတ်ဆောင်ဟွန်းက ဟိုတစ်ယောက်ကို ပန်းလက်ကောက်ပေးလိုက်တယ်ပေါ့.. "

ဂျေးနဲ့ဟီဆွန်းကို မနေ့က အကြောင်းစုံပြောပြလိုက်တော့ သုံးလေးခေါက်လောက် ထပ်ခါထပ်ခါ မေးနေသေးသည်။ ဆောနူနဲ့ နီခီကတော့ ဘယ်ကမ္ဘာရောက်နေလဲမသိ..။

" မင်းကလဲ တကယ်ကော ဟုတ်ရဲ့လား။ ဆောင်ဟွန်းက အဲ့လိုလုပ်တတ်တဲ့သူမှမဟုတ်တာ။ မင်းတို့လက်ထပ်ထားတာကလဲ ဟိုးလေးတကျော်ပဲလေ..။ "

"အေးလေ မင်းအထင်မှားတာ
နေမှာပါ.. "

" မဟုတ်ဘူး... ငါသေသေချာချာကြားလာတာ.. "

" အဲ့တော့ မင်းက အဲ့စကားကြောင့် ကြိုက်လှပါချည်ရဲ့ဆိုတဲ့ Milk teaတောင် မသောက်နိုင်ဖြစ်နေတာပေါ့။ "
သူတို့ပြောတာတွေကို ခေါင်းငြိမ့်ငြိမ့်နေတာ အကျင့်ဖြစ်သွားသည်ထင်သည်။ သူသ၀န်တိုပါတယ်ဆိုတာကိုတောင် သွယ်ဝိုက်နည်းနဲ့ ၀န်ခံလိုက်မိသည်။

" မင်းတို့ကလဲကွာ အချင်းချင်း သဘောကျနေတာကို ငါကြားထဲက အူယားလို့သေတော့မယ် "

" လုံး၀ပဲ ငါ့ဘက်ကပြောဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး.. အမြဲတမ်း သူပဲအနိုင်ယူလာတာ ငါ့ကို.. ဒီတစ်ခါတော့ It's my time.. "

* ကျောင်းကပွဲကို ရအောင်သွားမယ် အဲ့နေ့ ဘတ်ဆောင်ဟွန်း ငါ့ကို ကျိန်းသေဖွင့်ပြောစေရမယ်... *

စိတ်ထဲ ကြိတ်‌တွေးပြီး လူမိုက်အပြုံးနဲ့ တစ်ယောက်ထဲ ကန်တင်းမှာ တဟီးဟီးတဟားဟား အော်ရီနေတဲ့ ရှင်းဂျယ်ယွန်းပါ..။








CHALLENGE // JAKEHOONWhere stories live. Discover now