" အဲ့ကောင်ကို မယူနိုင်ပါဘူးဆို လုံး၀မယူဘူး တခြားသူဆိုထားဦး ဘာလို့ ဘတ်ဆောင်ဟွန်းဖြစ်ရတာလဲ။ "
ဆောင်ဟွန်းနဲ့လက်ထပ်ဖို့ကိစ္စကို ဂျယ်ယွန်းနဲ့ ထပ်ဆွေးနွေးမိတော့ ထုံးစံအတိုင်း သားငယ်က အသည်းအသန် ငြင်းဆန်တုန်း။
" ဘတ်ဆောင်ဟွန်းဖြစ်လို့ မရဘူးပေါ့။ "
ဂျယ်ယွန်း သူ့ဒယ်ဒီပြောတဲ့စကားကြောင့် ရုတ်တရက် ခေါင်းထဲ တစ်ချက်နင့်သလိုခံစားလိုက်ရပေမဲ့ သူ ဘယ်သူ့ကိုမှ မယူချင်သေးတာေတာ့ အမှန်။
" ဟုတ်တယ်။ ဘတ်ဆောင်ဟွန်းမဟုတ်ရင်ပြီးရော။ "
မတတ်နိုင်ဘူး နောင်ခါလာနောင်ရှင်း။
" ကောင်းပြီလေ။ မနက်ဖြန် မင်း အိမ်ထောင်ဖက်သွားတွေ့။ "
"ဗျာ??? "
သွားပြီ။ သူ့စကားနဲ့သူ ခြေချူပ်မိပြီ။
" မဟုတ်သေးဘူးလေ ဒယ်ဒီ ကျွန်တော်ပြောတာ...။ "
" မင်းပဲ ဘတ်ဆောင်ဟွန်းကလွဲ မယူချင်ဘူးဆို။ အာ့ဆို ဘတ်ဆောင်ဟွန်း မဟုတ်တဲ့ တခြားသူနဲ့ အိမ်ထောင်ဖက်သွားတွေ့လို့..။ "
သူ့ကို ခပ်ပြတ်ပြတ်ပြောရင်း ထွက်သွားတဲ့ ဒယ်ဒီ။ မာမီ့ကို စစ်ကူလှမ်းတောင်းတော့ မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ မာမီ။
" အားးးးးးးးး ရှင်းမ်ဂျယ်ယွန်းးးရေ မင်းးးကွာ!!!!! "
***
"ယောကျာ်း သားငယ်ကို တကယ် အိမ်ထောင်ဖက်တွေ့ခိုင်းမလို့လား။ "
အိပ်ခန်းထဲ၀င်လာချင်း ဂျယ်ယွန်းကို စိတ်ပူနေတဲ့ ဂျယ်ယွန်းမေမေ။
" မင်းရဲ့သားငယ် သွားတွေ့မယ်ထင်လား။ စောင့်ကြည့်လိုက်ပါဦး အပြောမစောပါနဲ့။ "
အမှန်က ဂျယ်ယွန်းမိဘတွေနဲ့ ဆောင်ဟွန်းမိဘတွေ အကုန်တွေ့ပြီး ဆွေးနွေးထားပြီးသား။ အကုန်သဘောတူပေမဲ့ အခုထိ ခေါင်းမာနေတာက ဂျယ်ယွန်း။
" အဲ့လိုတွေ့ခိုင်းလိုက်ပေမဲ့ တကယ်ကြီး သွားတွေ့ပြီး သဘောကျသွားရင် ဘယ်လိုလုပ်မလဲ အဲ့လိုကျမှ အစီအစဉ်တွေ ပျက်ကုန်မယ်။ "
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun