" အားးးးး ကျောင်းပြန်တတ်တော့လဲ ပင်ပန်းလိုက်တာ။ လှုပ်တောင် မလှုပ်နိုင်ဘူး။ ငါအသားတောင် မဲသွားလားမသိ။ "
သူ့လက်သူပြန်ကြည့်ပြီး ဗျစ်တောက်ဗျစ်တောက် ညည်းညူနေတဲ့ ဂျယ်ယွန်း။
" ငါတို့ညည်းဖို့လဲ ချန်ထားပါဦးကွာ။ သုံးရက်လုံး ရေထဲနေလိုက်လို့လားမသိ။ ကိုယ်လက်တွေ ကိုက်နေသလိုပဲ။ "
ကန်တင်းထဲမှာ ဆောနူအတန်းမဆင်းသေးလို့ မုန့်စားရင်း စောင့်နေကြတဲ့ ဂျေး ဟီဆွန်း ဆောင်ဟွန်းနဲ့ ဂျယ်ယွန်း။
" ဟော လာပါပြီ။ "
ကန်တင်းထဲကို မျက်မှောင်ကျူတ်ပြီး ဒေါသတစ်ကြီး ၀င်လာတဲ့ ဆောနူရယ်။ ဆောနူ အနောက်ကနေ မျက်နှာစပ်ဖြဲဖြဲနဲ့ လိုက်လာတဲ့ နီခီ။
" ဟင် နီခီပါလား။ "
ဂျယ်ယွန်းအသံကြောင့် ဆောင်ဟွန်းတို့တစ်အုပ်စုလုံး ဆောနူဆီလှမ်းကြည့်လိုက်တော့ တကယ်ကြီး နီခီ။
ဆောင်ဟွန်းက နီခီကိုမြင်တာနဲ့ မျက်မှောင်တန်းကျူတ်။ ဂျေးနဲ့ ဟီဆွန်းကတော့ အထာနပ်နေတဲ့ စတိုင်တွေနဲ့။
" ဟက် တကယ်ကြီး နီခီပဲ။ "
ဆောနူတဖြည်းဖြည်းနဲ့ ဂျယ်ယွန်းတို့စားပွဲနားရောက်လာတော့..
" ရားးးး မင်းဘာလို့ ငါ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ။ "
" ဘယ်သူက ဆောနူဂွန်းနောက်လိုက်နေလို့လဲ။ ကျွန်တော်က ဂျယ်ယွန်းဟျောင်းနဲ့ တွေ့ချင်လို့ လိုက်လာတာ။ "
မပြောမဆိုနဲ့ ဂျယ်ယွန်းနား ကောက်ထိုင်လိုက်တော့ ဘတ်ဆောင်ဟွန်းတို့ တင်းပြီလေ။
" နေကောင်းတယ်နော် ဂျယ်ယွန်းဟျောင်း..။ "
" ကောင်းပါ့ ကောင်းပါ့ နီခီက ဘယ်လိုဖြစ်လို့ ဒီကျောင်းကို ရောက်လာတာလဲ?? "
" ဟိုမှာေတွ့တုန်းက ကျွန်တော်ဟျောင်းကိုပြောတယ်လေ ကိစ္စလေးရှိလို့ဆိုတာ အမှန်က ဂျပန်ကနေ ကိုရီးယားကို ကျွန်တော်တစ်ယောက်ထဲ ပြောင်းလာပြီး အသိေဒါ်ေလး အကူအညီနဲ့ ဒီကျောင်းကိုပြောင်းလာဖို့ ပြင်ဆင်နေတာ။ အာ့ကြောင့် ကျွန်တော်ထပ်တွေ့ဖို့ အကြောင်းရှိတယ်ပြောသားပဲ။ "
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun