"အားးးးးးးးးး ဒီကောင် ဘတ်ဆောင်းဟွန်းးးးးးးး!!!!! အဲ့ကောင် တမင်ငါ့ကို လှောင်သွားတာ။ လူတကာရှေ့မှာ ငါ့ကိုလှောင်သွားတာ။ ဘာ!!!! သူနဲ့တွဲရမယ်။ ရူးနေလို့လား!!!! ငါက ရူးနေလို့ သူနဲ့တွဲရမှာလား။!!!!!"
ရှင်းဂျယ်ယွန်း ခုဏက ပြိုင်ပွဲ၀င်းထဲ မပေါက်ကွဲခဲ့ရလို့ အခန်းထဲပြန်ရောက်မှ ဝုန်းဒိုင်းကျဲ ပေါက်ကွဲနေမိသည်။ ဂျယ်ယွန်းကို တားမရတဲ့ ဂျေးကတော့ အခန်းထဲက ဆိုဖာခုံမှာ အသံတိတ် မလှုပ်မယှက်။
ဂျယ်ယွန်းတစ်ယောက် ခေါင်းအုံးတွေကို ဆွဲဖြဲ ပန်းအိုးတွေ ရိုက်ခွဲ စားပွဲပေါ်က ပစ္စည်းတွေဆွဲချနဲ့ စိတ်ရှိတိုင်းကို ပေါက်ကွဲနေသည်။ အိမ်တော်ထိန်းနဲ့ အိမ်ဖော်တွေကတော့ အပေါ်ထပ်က သူတို့သခင်လေးကို ၀င်မဆွဲရဲကြ။ သူတို့အတွက် ဒါကရိုးနေပြီဆိုပေမဲ့လဲ ဒီနေ့ကြမှ သခင်လေးရှင်းမ်က ပိုပြီးဒေါသထွက်နေသယောင်။
"မင်းကို ငါပြောသားပဲ။ သူအဲ့လောက်ယုံကြည်ချက်ရှိလို့ လောင်းကြေးထပ်တိုးတာကို လက်မခံပါနဲ့လို့။ အခု မင်းလုပ်လိုက်တာကိုပဲကြည့်။ မင်းဘာမှငြင်းလို့မရတော့ဘူး။ အကုန်သက်သေရှိတယ်။ အရင်ကထက် မင်းတို့ကို စောင့်ကြည့်ကြတော့မှာ။"
တစ်ခန်းလုံးဝုန်းဒိုင်းကျဲပြီးသကာလ ဂျယ်ယွန်းမောပြီး ကုတင်အောက်မှာ ထိုင်ချလိုက်သည်။ စိတ်ထဲမှာလဲ ဒေါသတွေကော နောင်တတွေကော အပြည့်။
"မင်းကားတစ်စီးထဲသာပေးလိုက်ရရင် ဒီလောက်ဖြစ်မှာမဟုတ်ဘူး။"
ဂျေးကတော့ သူ့ကိုဆူပူနေပေမဲ့လဲ ဂျယ်ယွန်းခေါင်းထဲမရောက်။ အခုသူသိတာတစ်ခုထဲက ဆောင်ဟွန်းကို နုတ်နုတ်စဥ်းပစ်ချင်နေသည်။
မုန်းတယ်။ မုန်းတယ်။ အဲ့ကောင်ကို အရမ်းမုန်းတယ်။
"အဲ့ဒါထက် ဘာကပိုအရေးကြီးလဲ ဘာကပိုဆိုးလဲဆိုတာ မင်းသိလား ဂျယ်ယွန်း။"
ဂျေးရဲ့စကားကြောင့် သူ ဂျေးဘက်ကို မျက်နှာလှည့်ကြည့်လိုက်သည်။
"မင်းအဖေ မနက်ဖြန်ပြန်လာတော့မှာ။ ဘေးအိမ်က ကားဂိုထောင်မှာ မင်းကားရပ်ထားတာမြင်ရင် မင်းအဖေ မင်းကိုဘာလုပ်မယ်ထင်လဲ။"
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun