" ဆောင်ဟွန်း နိုးနေပြီလား နည်းနည်းထပါဦး
ငါရေပတ်တိုက်ပေးမယ်။ "ဖျားချင်ယောင်ဆောင်နေတဲ့ ဆောင်ဟွန်း ဂျယ်ယွန်းရဲ့ဂရုစိုက်မှုကို ခံချင်လို့ တအင်းအင်းနဲ့ အိပ်ယာက မနည်းထလိုက်သည်။
" ခုဏကထက်တော့ နည်းနည်းမပူတော့သလိုပဲ။ တဖြည်းဖြည်းကျလာပြီထင်တယ်။ "
နဖူးလာစမ်းတော့ အပူချိန်က စစချင်းတုန်းကထက် မဆိုးတော့။ ဘယ်ပူမလဲ ကြက်သွန်နီနှစ်ခြမ်းက လက်မောင်းအောက်မှာမဟုတ်တော့ပဲ ခေါင်းအုံးအောက်ရောက်နေပြီလေ။
" ငါ့ဘာသာငါ တိုက်လိုက်မယ်။ ငါနဲ့ဝေးဝေးနေ အဖျားကူးလိမ့်မယ်။ "
" ငါ့ကြောင့် မင်းအဖျားတတ်သွားတာလေ။ ငါလုပ်ပေးပါ့မယ်။ "
မျက်နှာငယ်လေးနဲ့ သူ့အပြစ်သူသိပြီး ဂရုစိုက်ပေးနေတဲ့ ဂျယ်ယွန်းရဲ့ပုံစံက တကယ်ကို အပြစ်စိတ်နဲ့ အားနာေနပံု။ ဆောင်ဟွန်း သူလိမ်လိုက်တာကိုပင် နောင်တရချင်လာသလို။ ဒါပေမဲ့လဲ သူခံရတာများပြီလေ တစ်ခါတော့ ဂျယ်ယွန်းဆီက ဂရုစိုက်တာခံချင်သည်။
ဆောင်ဟွန်းရဲ့ လက်မောင်းတွေ ကျောတွေ မျက်နှာကိုပါ ရေပတ်တိုက်ပေးနေတဲ့ ဂျယ်ယွန်း။ လွတ်လွတ်လပ်လပ် အကျီလဲလို့ရအောင် ဗီဒိုထဲက အကျီထုတ်ပေးပြီး သူအခန်းထဲက ထွက်လာခဲ့သည်။
ဆောင်ဟွန်းအကျီ လဲလောက်ပြီးတဲ့အခါကျတော့ အောက်ထပ်က မာမီတို့လုပ်ထားပေးတဲ့ ဆန်ပြုတ်ပန်းကန်ကိုယူပြီး အခန်းထဲ ပြန်၀င်လာသည်။
" ရော့ ဒီမှာ ဆန်ပြုတ် ပြီးရင် ဆေးသောက်ရမယ်။ "
" ခွံ့ကျွေးပါလား။ "
အသံဖျော့တော့တော့နဲ့ ပြောနေတဲ့ ဆောင်ဟွန်းပုံစံက တကယ်အားမရှိ နုံးနေသလို။
" မင်းလက်က အကောင်းကြီးလေ။ "
" ဘယ်သူကြောင့်ဖျားတာလဲ။ "
ဘယ်သူ့ကြောင့်ဖျားတာလဲ
ဆိုတဲ့စကားက တော်တော်လေး ဂျယ်ယွန်းကို အကျပ်ကိုင်လို့ကောင်းနေသည်။ ပန်းကန်ချပြီး ထွက်သွားဖို့ပြင်နေတဲ့ ခြေလှမ်းတွေက ဆောင်ဟွန်းလှဲနေတဲ့နေရာနားကို ပြန်ရောက်လာသည်။
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun