NINE

1.1K 194 73
                                    

ဟန်းနီးမွန်း သုံးရက်တာ ကာလလုံးလုံး ဆောင်ဟွန်းတစ်ယောက် ဘယ်လိုမှ ဂျယ်ယွန်းနဲ့ တူတူရှိဖို့ကို အချိန်မရှိ။ တစ်ခါသွားကြည့်လိုက်ရင် ဆောနူနဲ့ နောက်တစ်ခါသွားကြည့်ရင်လဲ ဆောနူနဲ့။ ဂျေးနဲ့ဟီဆွန်းကလဲ နှစ်ယောက်သား အတိုင်အဖောက် ညီ‌ေတာ့ လက်ရှိမှာ မဂ်လာဆောင်ပြီး အတွဲမရှိတာ သူ...။

* ဂင်ဆောနူလဲ မြန်မြန်ယောက်ျားရ အေးရော.. *

အခုလဲ ရေကူးကန်ထဲ လေးယောက်သား ဆော့နေပေမဲ့ ဆောင်ဟွန်းကတော့ ရေထဲကိုမဆင်း။ ‌ဆင်းရင်လဲ သူ့ကို အဖက်လုပ်မယ့်သူမရှိလို့ မဆင်းတာဆို ပိုမှန်သည်။

" ဆောင်ဟွန်းးဟျောင်း လာလေဗျာ။ တစ်ယောက်ထဲ မပျင်းဘူးလား။ "

* တော်သေး ခေါ်ဖော်တော့ရသား။ *

ဒါပေမဲ့လဲ ဆောင်ဟွန်း မာနတော့ရှိသည်။ သူစိတ်ဆိုးနေကြောင်းကိုလဲ ဂျယ်ယွန်းကိုပြချင်သေးသည်။

" မဆင်းချင်ပါဘူး။ ဆင်းလဲ အဖက်လုပ်မယ့်သူမှ မရှိတာ။ "

မဆင်းဘူးသာပြောတာ ဆောင်ဟွန်းတို့များ  ဖိနပ်တောင်ချွတ်နေပြီ။ အပေါ်ထပ်၀တ်ထားတဲ့ ရှပ်အကျီကိုပါ ချွတ်မလို့ပြင်တော့...

" အာ့ဆိုလဲ အဲ့မှာပဲ နေပေါ့။ "

ဂျယ်ယွန်းရဲ့ ဘုကလန့်စကားကြောင့် ဆောင်ဟွန်းခမျာ နင့်ကနဲ။ ယောကျာ်းဖြစ်နေပြီပဲကို နည်းနည်းပါးပါး ချိုသာပေးလို့မရဘူးလား။

ဆောင်ဟွန်း သူ့အကျီကို သေသေချာချာပြန်၀တ်ပြီး ဖိနပ်ကိုပြန်စီး ခုံမှာပဲ ပြန်ထိုင်နေလိုက်တော့သည်။

ဂျယ်ယွန်းတို့လေးယောက် ရေကူးကန်က တတ်လာပြီး သဘက်နဲ့ ခေါင်းသုတ်ဘာညာလုပ်နေတုန်း...

" ဂျယ်ယွန်းဟျောင်း?? "

သူတို့ထိုင်နေတဲ့နားကို ရောက်လာတဲ့ ကိုရီးယားစကားကို မပီကလာ‌ေပြာ‌ေနတဲ့အသံလေး။

" အိုမို နီခီပါလား။ နီခီလဲ ဒီမှာပ‌ဲ တည်းတာလား။ "

ဂျယ်ယွန်း နိုင်ငံခြားသားလိုမျက်နှာလေးနဲ့ ကောင်လေးတစ်ယောက်ကို လက်ဆွဲလိုက် ဖက်လိုက်လုပ်နေတော့ ဆောင်ဟွန်းတစ်ယောက် အမြင်သိပ်မကြည်။

CHALLENGE // JAKEHOONWhere stories live. Discover now