TWELVE

1.2K 188 132
                                    

" Spring Dance Prom Party?? အဲ့ဒါဘာလဲ Competitionလဲမဟုတ်ဘူး။ ငါတစ်ခါမှလဲ မကြားဖူးဘူး။ လုပ်လဲ မလုပ်ဖူးဘူးမလား။ "

ကျောင်းထဲကို ၀င်၀င်လာချင်း ကျောင်းသားတွေ ပြုံပြီးကြည့်နေကြတဲ့ Green boardပေါ်က Noticeတစ်စောင်ကြောင့် သူတို့ ခြောက်ယောက်လုံး လူအုပ်ကြားထဲ ၀င်တိုးကြည့်လိုက်သည်။

" ထူးထူးဆန်းဆန်း ဒီတစ်ခါကျမှ ဘာထလုပ်?? "

" မပြောတတ်ဘူး။ ဘာတွေကြံနေလဲမသိ။ "

" သွားကြမှာလား။ "

" သွားရမှာပေါ့။ Partyဆိုတာ ရှင်းဂျယ်ယွန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ "

သူအဲ့လိုပြောတော့ ဘေးက ဆောင်ဟွန်းက သူ့ကို မျက်စောင်းလှမ်းထိုးသည်။ လက်ထပ်ပြီးတာတောင် ညညဆို ကလပ်ကို ခိုးခိုးထွက်ဖို့ကြံတဲ့ ရှင်းဂျယ်ယွန်း။ ထွက်တဲ့နေ့တိုင်း ဘတ်ဆောင်ဟွန်းဆီမှာ အမြဲမိသည်။

" ဆောင်ဟွန်း?? နင် ဆောင်ဟွန်းဟုတ်တယ်မလား။ "

သူတို့အနောက်ဘက်က ထွက်လာတဲ့ ခေါ်သံကြောင့် အကုန်လှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်။ ခါးလည်လောက်ရှိတဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်ရှည် အပြုံးလှလှလေးရယ်က ကြည့်ရုံနဲ့တင် ဒီမိန်းကလေး တော်တော်သိမ်မွေ့ကြောင်း ပြောနိုင်သည်။

" ဘယ်သူလဲမသိဘူး...။ "

နာမည်အ‌ေခါ်ခံရတဲ့ ဆောင်ဟွန်းကတော့ သူမကို ဘယ်သူမှန်းတောင်မသိ။

ရုတ်တရက်ကြီး ဆောင်ဟွန်းလက်မောင်းကို လာဆွဲတဲ့ ထိုကောင်မလေး။ သူမ ဆောင်ဟွန်းလက်ကို ဆွဲလိုက်တာနဲ့ မျက်လုံးပြူးသွားတာက ရှင်းဂျယ်ယွန်း။

" ငါလေ ငါ Seolလေ
မမှတ်မိဘူးလား။ "

" Seol??? Kang Seol??? "

" ဟုတ်တယ်လေ ငါ့ကို ဘယ်လိုတောင် မေ့ရက်တာလဲ။ "

ဆောင်ဟွန်းလက်မောင်းကို တဖတ်ဖတ်နဲ့ ချနေတာ ဘေးက ရှင်းဂျယ်ယွန်း သွေးတတ်ချင်ချင်။

" ဟုတ်ပ နင်တော်တော်ပြောင်းလဲသွားတာပဲ။ ငယ်ငယ်တုန်းကလဲ ပေတူးနေတဲ့ရုပ်လေး မဟုတ်တော့ဘူး။ "

" ရားးးးးးးးး "

ဆောင်ဟွန်းနဲ့ ဆောကတော့ ရီရီမေ‌ာမောစကားပြောနေကြပေမဲ့ မရီနိုင်တာ ဂျယ်ယွန်း။

CHALLENGE // JAKEHOONWhere stories live. Discover now