FIVE -1

1.1K 196 6
                                    

" ရူးနေလား ငါကမင်းကို ကိုကိုလို့ခေါ်ရအောင် "

"မပြောတတ်ဘူးလေ စိတ်ထဲက ခေါ်ချင်ခေါ်နေမှာပေါ့။ "

ပြောင်စပ်စပ်လုပ်နေတဲ့ ဘတ်ဆောင်ဟွန်းကို ဂျယ်ယွန်း လက်သီးနဲ့ လိမ့်ပိန့်ထိုးပစ်ချင်သည်။

" မဖြစ်နိုင်တာ‌တွေ လာမပြောနဲ့။ ငါ ထမထိုးခင် သွားလိုက်တော့။ "

စိတ်တိုတိုနဲ့ Laylaကို မနိုင့်တနိုင်ချီမရင်း ဂျယ်ယွန်းထွက်သွားဖို့လုပ်တော့

"အားရီးဂူး ရှင်းမ်ဂျယ်ယွန်းတို့က မထင်ရဘူး အနာပေးလိုက် ဆေးပေးလိုက်လုပ်ရမှာကို အနာတွေပဲ ထိုင်ပေးနေတယ်။ "

ဆောင်ဟွန်းရဲ့စကားကြောင့် ဂျယ်ယွန်းရဲ့ခြေလှမ်းတွေ တုံ့သွားသည်။

"နေပါဦး ငါကမင်းကိုဘာလုပ်နေလို့လဲ အနာတွေပဲရနေတာ
ငါမဟုတ်ဘူးလား။ "

" ဘာလဲ ကိုယ့်ဂျယ်ယွန်းနီးက ကိုယ့်ဆီက ဆေးလိုချင်လို့လား။ "

မျက်ခုံးနှစ်ဖက်ကို ပင့်ပြရင်း မဆဲဆဲအောင်လုပ်နေတဲ့ ဘတ်ဆောင်ဟွန်း။ စိတ်ရှိတိုင်းထလုပ်လိုက်ရ ငါပဲလွန်တယ်ဖြစ်မယ်။

" အမှန်တိုင်း‌တွေးကြည့်ရင် ငါပဲ ခံနေရတာလေ။ မနေ့ညကလဲ တူတူပဲ။ "

" မနေ့ညက?? "

မနေ့ညကဆိုတော့ ဂျယ်ယွန်း သူအိမ်ပြန်မရောက်ခင် ဘာတွေဖြစ်သွားသေးတာလဲ?? သူ့ကိုအိမ်ပြန်လိုက်ပို့တာ ဂျေးမဟုတ်ဘူးလား??

" ဘေဘီက မမှတ်မိတော့ဘူးလား။ "

လာပြန်ပြီ။ ဒီဘေဘီ

" အဟမ်း မနေ့ညက ဘာဖြစ်လို့လဲ။ လိုရင်းကိုပြောစမ်းပါ။ "

" မနေ့ညက ကိုယ်တို့....။ "

ဆောင်ဟွန်းရဲ့ အဆက်စကားကို နားထောင်ရင်း ဂျယ်ယွန်းလန့်လာသည်။ သူမနေ့က မူးမူးရူးရူးဘာတွေလုပ်မိခဲ့လဲမသိဝောာ့။
*ဘတ်ဆောင်ဟွန်းကိုများ ငါဖက်တော့မနမ်းခဲ့ပါဘူးနော်.။ မဖြစ်နိုင်တာ မဖြစ်နိုင်တာ ..*

" ကိုယ်တို့ Clubမှာ‌တွေ့ခဲ့တယ်လေလို့။ အဲ့ဒါပြောမလို့ပါ။ ဘာတွေအဲ‌့လောက်တောင် မျက်နှာကြီးနီနေတာလဲ။ "

CHALLENGE // JAKEHOONWhere stories live. Discover now