NINETEEN

234 15 0
                                    

“ ဂျယ်ယွန်း ငါတို့ ခရီး သွားကြမလား “

တီဗီမှာ ဇာတ်ကားကို အာရုံစိုက်ကြည့်နေရင်းနဲ့ ရုတ်တရက်ထပြောလာတဲ့ ဆောင်ဟွန်းကြောင့် ဂျယ်ယွန်းမယုံကြည်နိုင်စွာ လှည့်ကြည့်မိသည်။ ဟန်းနီးမွန်းတုန်းကတောင် ကပ်စီးကုပ်ပြီး ဂျယ်ယွန်းမသိ‌ေအာင် ဂျယ်ဂျူကိုပဲ လက်မှတ်ဖြတ်ကတည်းက ရှင်းဂျယ်ယွန်းတို့ ဘတ်ဆောင်ဟွန်းအကြောင်း နောကျေနေပြီ။ အခုလဲ ဘာကို စတန့်ထွင်ဦးမလဲမသိ။

ကြည့်ရတာ ဂျယ်ဂျူကိုသွားတုန်းက ဟိုသုံးကောင်ကိုပါ ခေါ်တဲ့ကိစ္စ အခုထိ မကျေနပ်သေးတဲ့ပုံပင်။ တနင်္ဂနွေသားတွေ အငြိုးကြီးချက်ကွာ…။

“ ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေရင် အခုထဲကရပ်လိုက် ဘတ်ဆောင်ဟွန်း မင်းအကြောင်း ငါသိတယ် “

“ ထုတ်စရာလား ဂျယ်ယွန်းရယ် ငါက အတည်ပြောနေတာ “

ဒီလိုပြောနေတဲ့ပုံထောက်ရင် သိပ်တော့မဆိုးဘူးပဲ။

“ ပြောကြည့် ဘယ်ကိုသွားမလို့လဲ “

ဒီတစ်ခါလဲ နိုင်ငံတွင်းပဲဆို ရှင်းဂျယ်ယွန်းလေး ဘတ်ဆောင်ဟွန်းကို တကယ် အိမ်ပေါ်က နှင်ချတော့မည်။

“ နယူးယော့ခ် “

“ ဘာ!!!!!!!!! “

ကပ်စီးကုတ် ဘတ်ဆောင်ဟွန်းက နယူးယော့ခ်ကို ခရီးထွက်မယ်? သိကြားမင်း ဆင်းပြီး ရှင်းဂျယ်ယွန်းကို နားရင်းဖြတ်အုပ်သွားရင်တောင် မယုံရေးချ မယုံ။

“ သိကြားမင်းဆင်းပြီး ငါ့ကိုနားရင်းလာအုပ်သွားတာကတောင် ယုံချင်စရာကောင်းဦးမယ် ဘတ်ဆောင်ဟွန်း “

“ ငါအတည်ပြောနေတာ မင်းနဲ့ ငါ… “

“ ဘာဖြစ်လဲ မင်းနဲ့ ငါ? “

“ အဲ ရေနွေးအိုးဆူနေပြီပဲ “

ထိုအချိန် ရုတ်တရက်ထအော်လာတဲ့ ရေနွေးအိုးအသံ။ ဘတ်ဆောင်ဟွန်းက စကားကိုဆုံးအောင်မပြောသွားပဲ ဂျယ်ယွန်းကို ဦးနှောက်စားအောင် လုပ်သွားပြန်သည်။

“ စကားကိုပြောလိုက်ရင် အစဖော်ပြီး အဆုံးမရှိ။ “

“ တကယ်ကြီး ဘတ်ဆောင်ဟွန်းက နယူးယော့ခ်ကို သွားမယ်??? “

You've reached the end of published parts.

⏰ Last updated: Sep 17, 2024 ⏰

Add this story to your Library to get notified about new parts!

CHALLENGE // JAKEHOONWhere stories live. Discover now