" ဟပ်ချိုး!!!! "
" အားရီဂူးးး အဲ့ဒါကြောင့် ဆောင်းရာသီကြီး ညဘက်ထွက်မထိုင်ပါနဲ့လို့ပြောတာ အခုတော့ အအေးပတ်ပြီပေါ့..။ "
" အခု မင်းကငါ့ကို ဆူနေတာလား ဟပ်ချိုး!!!!!! "
မနေ့ညက အိပ်မပျော်လို့ဆိုပြီး ခေါင်မိုးထပ်၀ရံတာအသေးလေးမှာ ထွက်ထိုင်တဲ့ ဂျယ်ယွန်းလေး..။ အခုတော့ အအေးပတ်ပြီး ဖျားနေပါပြီ..။ ဒါတောင် ခရစ်စမတ်အကြိုရက်ကြီး..။
" ဒီလိုအဖျားနဲ့တော့ မနက်ဖြန် လည်လို့မရဘူး.. အပြင်ထွက်လို့မဖြစ်ဘူး..။ "
" ငါသွားချင်ပါတယ်ဆို!! ဟပ်ချိုး!!!!! "
" ဒီလောက် နှာချေနေတာ အပြင်ဘယ်လိုသွားမလဲ နားရမယ်!! "
" ခရစ်စမတ်ရက်ကြီး မီးရှူးမီးပန်းတွေနဲ့ ပွဲတော် သွားကြည့်ချင်တာ.. "
ကုတင်ပေါ်မှာ အအေးပတ်ပြီး နှာစေးလို့ နှာခေါင်းတရှုံ့ရှုံ့နဲ့ ထိုင်နေရတဲ့ ဂျယ်ယွန်း..။ ခရစ်စမတ်ပွဲတော် သွားမကြည့်ရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်နေရှာသည်..။
" အဟွတ် အဟွတ်..။ "
အမှန်ကတော့ ဂျယ်ယွန်း သူသွားချင်တာထက် ဆောင်ဟွန်းနဲ့ ပထမဆုံးဖြတ်သန်းရတဲ့ ခရစ်စမတ်မို့လို့ မှတ်မှတ်ရရလေး ဖြစ်စေချင်တာပင်..။ အခုတော့ သူဖျားတာနဲ့ ဆောင်ဟွန်းက ဒီခရစ်စမတ်ကို သူ့ကိုပြုစုရင်း အချိန်ကုန်သွားလိမ့်မည်..။
" ကဲ ခွေးပေါက်လေး ဘာမှမတွေးပဲနဲ့ ဆေးသောက်မယ်.. နေမြန်မြန်ကောင်းရင် တစ်၀ကြီးလျှောက်လည်မယ်..။ ခရစ်စမတ်က နောက်နှစ်လဲရှိတာပဲကို..။ အေးဆေးပေါ့ လာပါ ဆေးသောက်မယ်..။ "
" ငါမသောက်ချင်ဘူး ခါးတယ်..။ "
" လိမ္မာပါတယ် မြန်မြန်လျှောက်လည်ချင်ရင် သောက်ရမယ်လေ..။ "
ချော့မော့ပြောလဲ စောင်ကို ခေါင်းခြုံပြီး လှဲနေတဲ့ ဂျယ်ယွန်း..။
" မနက်ဖြန် နေကောင်းသွားရင် လျှောက်လည်လို့ ရရင် ရမှာကို ဂျယ်ယွန်းနီးက မသွားချင်ဘူးလား..။ "
ကလေးလိုချော့မော့ပြောတော့ စောင်ပုံထဲက လှုပ်လှုပ်ရှားရှား တစ်ချက်ဖြစ်သွားတဲ့ ဂျယ်ယွန်း..။
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun