" ငါတို့တွဲနေတာကို ကျန်တဲ့သူတွေကို မပြောနဲ့..။ "
" ဟမ် ဘာလို့လဲ... "
ဘတ်ဆောင်ဟွန်းတို့များ စတွဲနေတာကို ကြွားချင်တာ ယွစိယွစိနဲ့.. နောက်နေ့ ကျောင်းပြန်ဖွင့်ရင် ကြွားပစ်မယ် ကြံထားတာတွေက လေထဲမှာတင် ပျောက်ကွယ်သွားသည်..။
ဂျယ်ယွန်းက တွဲနေတာကို မပြောနဲ့ဆိုတာနဲ့တင် မျက်နှာကြီးက မဲ့ရှုံ့သွားချက်..။
" တကယ်ပြောတာ.... သိသွားတော့ ဘာထူးတာရှိမှာမို့လို့လဲ.. ပြီးတော့ ခိုးပြီးချိန်းတွေ့တဲ့ ခံစားချက်ကို သိချင်လို့...။ "
ဂျယ်ယွန်း နောက်ဆုံးစာကြောင်းကို အသံတိုးတိုးလေးနဲ့ပြောပြီး ရှက်သလို ခေါင်းကို အောက်ငုံ့ပြီးပြောတော့ ဘတ်ဆောင်ဟွန်းတို့များ ပြုံးဖြီးနေတာ ဘယ်လိုမှ မဟန်ဆောင်နိုင်တဲ့အထိ.. ဖြီးချင်တာတောင် မျက်နှာတစ်ဖက်လှည့်ထားရသည်။
အခု ဆောင်ဟွန်းတစ်ယောက် ဂျယ်ယွန်း အူယားလွန်းလို့ ပါးနှစ်ဖက်ကို လိမ်ဆွဲပလိုက်ချင်သည်။
" အင်းပါ အင်းပါ ကိုယ့်ဂျယ်ယွန်းနီးလေး သဘော..။ အခုတော့ အိမ်ပြန်လိုက်ပို့ပေးတော့ မဟုတ်ဘူး မဟုတ်ဘူး ကိုယ်မောင်းမယ် ဒီဘက်လာလိုက်...။ "
ချက်ချင်းတွေ မင်းနဲ့ငါပြောနေရင်းကနေ ကိုယ်တွေ ဂျယ်ယွန်းနီးတွေဖြစ်ကုန်တဲ့ ဆောင်ဟွန်းကို ကြည့်ရင်း ဂျယ်ယွန်းစိတ်ထဲ ရီနေမိသည်။
ချက်ချင်း Lover seatကနေ Driverဘက်ကို ပြေးလာပြီး ဂျယ်ယွန်းဆင်းဖို့ တံခါးဖွင့်ပေးသည်။
ဂျယ်ယွန်း Lover seatမှာ ၀င်ထိုင်လိုက်တာနဲ့ ဆောင်ဟွန်း သူ့ညာဘက်လက်နဲ့ ဂျယ်ယွန်းလက်ကို ဆုပ်ကိုင်လိုက်သည်..။
" ကားေရှ့ကို ကြည့်မောင်းစမ်းပါ.. "
" ဘယ်ဘက်လက်နဲ့ မောင်းနေတာပဲ ညာဘက်လက် အားနေတော့ မနေတတ်လို့..။ "
" အပိုတွေ တကယ်...။ "
ဂျယ်ယွန်း ကားရပ်လိုက်တာကို ခံစားလိုက်ရလို့ ဘေးဘီကြည့်မိတော့ သူတို့ရောက်နေတာက သူတို့နှစ်ယောက်ရဲ့ အရင်အိမ်...။
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun