FOURTEEN

1.3K 184 34
                                    

" ဂျယ်ယွန်း... အိမ်ပြန်ရောက်နေပြီလား..."

အိမ်တံခါး၀မှာ ဆောင်ဟွန်း ဖိနပ်ကို အမြန်ချွတ်ရင်း ဂျယ်ယွန်းနာမည်ကို အော်ကာ အိမ်ထဲ၀င်လာပေမဲ့ မှောင်မဲနေတဲ့အခန်းက သူ့ကိုကြိုဆိုနေဆဲ...။

ညနေကျောင်းဆင်းကတည်းကတောင် မဟုတ်ဘူး နေ့လည်အချိန်ပြီးကတည်းက ဂျယ်ယွန်းရဲ့ အရိပ်အယောင်ကို လုံး၀မမြင်ရ..။ အတန်းထဲမှာလဲမရှိ..။ ဖုန်းလဲခေါ်မရ..။ သူတင်မဟုတ် ဂျေးကိုကော ဟီဆွန်း ဆောနူ နီခီတို့ရဲ့ အရိပ်အယောင်ပါမ‌ေတွ့..။ ကျောင်းဆင်းတော့ ကားပါကင်ကို ထွက်လာပြန်တော့လဲ ကားပါကင်မှာ ဂျယ်ယွန်းရဲ့ကားက ရှိမနေ..။ အခု အိမ်ပြန်ရောက်တော့လဲ ဘယ်သူမှမရှိ..

* ဂျယ်ယွန်း အိမ်ပြန်မ‌ေရာက်‌ေသးတာများလား?? *

" ဂျယ်ယွန်း??? "

နာမည်တောက်လျှောက်ခေါ်နေပေမဲ့လဲ ပြန်ထူးသံမကြား.. ဂျယ်ယွန်းနာမည်ကြားလို့လားမသိ လေလာက အခန်းထဲက ပြေးထွက်လာပြီး သူ့ကို နှုတ်ဆက်သည်။

" လေလာ မင်းသခင်ပြန်မရောက်သေးဘူးလား.. "

ခေါင်းလေးကို အသာလေးပုတ်ပေးပြီး ပြောတော့ လေလာက သူ့လက်ကြားထဲကို တိုး၀င်လာသည်။ ကြည့်ရတာ လေလာလဲ တစ်နေကုန် သတိရနေတယ်ထင်ပါ့။ ဂါအူးလ်ကတော့ ဆိုဖာပေါ်မှာ အခန့်သား စက်တော်ခေါ်နေသည်။

ဆောင်ဟွန်းလဲ တစ်နေကုန် ကျောင်းမှာ ပင်ပန်းတာနဲ့ ရေနွေးနွေးလေး စိမ်ချိုးပြီး အနားယူဖို့ အပေါ်ထပ်ကို တတ်လာခဲ့သည်။

ရေမိုးချိုးထွက်လာပြီး ညစာစားတဲ့အထိ ဂျယ်ယွန်းပြန်မလာတော့ ဆောင်ဟွန်း စိတ်ကပူလာပြီ။

" ဂျေး ဂျယ်ယွန်း မင်းနဲ့အတူရှိနေလား.. "

" အဲ့ဒါကလေ ဆောင်ဟွန်း... "

အရင်က‌ဆို တစ်ခုခုမေးလိုက်တိုင်း ဒဲ့ဖြေတဲ့ ပတ်ဂျုံဆောင်းက အခု ရှိတယ်မရှိဘူးကို လိုရင်းတိုရှင်းမဖြေပဲနဲ့ လှည့်ပတ်သွယ်ဝိုက်နေကတည်းက ရှင်းဂျယ်ယွန်း တစ်ခုခုကို မဟုတ်တာလုပ်ထားမှန်း ဆောင်ဟွန်းသိလိုက်ပြီ။

" ရှင်းဂျယ်ယွန်း ဘယ်မှာလဲ.. "









ရောင်စုံမီးတွေ စုံလင်အောင်ထွန်းထားတဲ့ ကလပ်တစ်ခုရှေ့ကိုရောက်တော့ ဆောင်ဟွန်း သူ့ကားကိုမှီရင်း ထိုနေရာကို ကြည့်နေမိသည်။

CHALLENGE // JAKEHOONWhere stories live. Discover now