"ဗျာ!!!!!!!"
ဆောင်ဟွန်းနဲ့လက်ထပ်ရမယ်ဆိုတာ သူ့နားမှာ Repeatလုပ်ထားသလို ထပ်ခါထပ်ခါ ဘယ်နခါတောင်လဲဆိုတာတောင်
မသိတော့။" မနေ့က ဆောင်ဟွန်းအဖေနဲ့ ညစာစားဖြစ်တယ်။ အလုပ်ကိစ္စလဲပြောရင်းနဲ့ သူကတော့ မင်းကို သားမက်တော်ချင်တယ်တဲ့။ ဆောင်ဟွန်းနဲ့မင်းနဲ့ကလဲ မသိတဲ့သူတွေမဟုတ်တော့....."
"မယူနိုင်ပါဘူး သူလဲယောကျာ်း ကျွန်တော်လဲ ယောကျာ်း ပတ်၀န်းကျင်က ဘာပြောမလဲ ကျွန်တော်တို့ကို ဒယ်ဒီ အဲ့ဒါကော မစဉ်းစားဘူးလား။ ဘတ်ဆောင်ဟွန်း အဲ့ကောင်ကကော ဘာပြောလဲ။ "
ဂျယ်ယွန်း သူ့ဒယ်ဒီက သူတို့မတည့်တာကို သိရဲ့သားနဲ့ ဒါကိုသဘောတူတာ လုံး၀ကို လက်မခံနိုင်ပါ အထူးသဖြင့် ပတ်၀န်းကျင်က ဘာပြောမလဲဆိုတာလဲ ထည့်မစဉ်းစားပေးဘူး။
" ဂျယ်ယွန်း.."
"မာမီလဲ တူတူပဲ အလုပ်ကိစ္စကိုသာ အကြောင်းပြပြနေတာ အမြဲတမ်းအလုပ်ကိစ္စပဲ ဒါ သားသမီးကို ရောင်းစားတာ..။"
"ရှင်းဂျယ်ယွန်း!!!!!"
သူ့ဒယ်ဒီလှမ်းအော်တာကို လှည့်မကြည့်တော့ပဲ ဂျယ်ယွန်း စိတ်တိုတိုနဲ့ အိမ်ကနေထွက်လာခဲ့သည်။ တကယ်ကို ခံပြင်းလွန်းလို့။ ဘယ်လိုမှကိုမယုံနိုင်ဘူး။ သားသမီးကို ရောင်းစားတာ ဘယ်လိုတောင်လုပ်ရက်တာလဲ။
ဒီအိမ်ကနေ အဝေးကို မြန်မြန်ထွက်သွားချင်ေနပေမဲ့ သူ့ကားကလဲ ဘတ်ဆောင်ဟွန်းဆီရောက်နေတာကော ဘယ်ကိုမှသွားမရဖြစ်နေ။ အဲ့တော့ ဂျေးကိုပဲ သူဖုန်းဆက်လှမ်းခေါ်လိုက်သည်။
" ဟေ့ကောင် လူလိုနားလည် သူများက ဒီအချိန်လေးပဲ အေးအေးလူလူ ရည်းစားနဲ့ ဒိတ်ရတာ။ "
ကားပေါ်၀င်ထိုင်လိုက်တာနဲ့ ပိတ်ဟောက်တဲ့ ဂျေးကို ပြန်ချေပဖို့ အားလဲမရှိတော့။ လူဆိုတာ တကယ် တအားစိတ်တိုရင် ဘာအသံမှမထွက် ဘာမှမပေါက်ကွဲချင် ဒီအတိုင်း ခံပြင်းလွန်းလို့ မျက်ရည်ပဲကျလာတယ်ဆိုတဲ့စကားကို ဂျယ်ယွန်းအစကမယုံပေမဲ့ အခုတော့ သူ့လက်တွေ့ယုံကြည်သွားပြီ။
ကျတော့မယ့်မျက်ရည်တွေကို ဂျေးမမြင်အောင် သူမျက်နှာလွှဲလိုက်ပြီးတော့
YOU ARE READING
CHALLENGE // JAKEHOON
Romance" I challenge you to love me" - Park Sunghoon X Sim Jaeyun