🌞3🌕

4.4K 504 20
                                    

"Jung.....မင်းပြောတော့ ငါ့ကိုလိုက်ရှာမယ်ဆို မင်းငါ့ကိုမချစ်တော့ဘူးပဲ......."

"ငါမင်းကိုစောင့်နေတယ် မင်းလာရှာမယ်လို့ဂတိတွေပေးထားတယ်မလား......."

"မုန်းဖို့ကောင်းတဲ့ကောင် ငါမရှိတဲ့အရပ်မှာ မင်းကောင်းကောင်းနေနိုင်နေတာကို ငါမကြိုက်ဘူး.....!"

"မဟုတ်ဘူး လမင်းဖြူ ကိုယ်မဟုတ်ဘူး......"

တိတိကျကျဆိုရရင်အိမ်မက်မဟုတ်ဘဲ အပြင်ထိယောင်ယမ်းကာ ထအော်ခဲ့မိသည့်အသံ လမင်းဖြူလို့ ပါးစပ်က ပီပီပြင်ပြင်ခေါ်လိုက်တာကို သေသေချာချာကြားသိလိုက်ရသည် ရင်ဘတ်တခုလုံးမောဟိုက်နေကာ တစ်ကိုယ်လုံးချွေးများချွဲနစ်နေခဲ့သည်အထိ ဒီအိမ်မက်က ပင်ပန်းလွန်းပါသည်။

မျက်လုံးစုံမှိတ်ကာ မှတ်ဥာဏ်တွေပြန်ခေါ်ယူလိုက်တဲ့အခါ အဖြူစွတ်စွတ်ဝတ်ရုံပေါ်မှာ သွေးရဲရဲတွေစွန်းထင်းနေခဲ့သော ကောင်လေးရဲ့ပုံရိပ်ငယ်သည် မထင်မရှားနဲ့ နှလုံးသားကိုတဆစ်ဆစ်နာကျင်စေတဲ့ ရုပ်ဆိုးဆိုးအိမ်မက်ဆိုးတွေပါပဲ.....။

ဖြစ်တည်မှု နေထိုင်ပုံဘဝတွေနဲ့ မရေမရာအိမ်မက်တွေဟာ ဆက်စပ်မှုသေးသေးလေးတောင်မရှိခဲ့ သိပ်ပဟေဋိဆန်လွန်းလှပါသည် တိုင်းပြည်ရဲ့ အမြင့်မြတ်ဆုံးအရှင်ဘုရင်တယောက်ဖြစ်လာတာမို့ လုပ်ဆောင်ရမဲ့အလုပ်တွေသည် စည်းစနစ်ကျကျ တိုင်းပြည်ကိုအုပ်ချုပ်ရမဲ့ တာဝန်သာရှိတယ်လို့ တထစ်ချ သတ်မှတ်ထားပေမဲ့ တဖက်မှာလဲ အမည်မတပ်နိုင်တဲ့ တာဝန်တခုရှိနေသေးတယ်ဟု မသိစိတ်က လှုပ်နှိုးလာတိုင်း စိတ်တွေဆောက်တည်ရာမဲ့ခဲ့ပါသည်......။

ဘုရင်တပါးဖြစ်လာလို့ တာဝန်တွေပိပြီးများ စိတ်တွေဂယောက်ဂယက်ဖြစ်နေသလား မတွေးတတ်တာမို့ စာကြည့်ဆောင်ဘက် အေးအေးဆေးဆေးလှည့်မှဖြစ်တော့မယ် လေးလံလွန်းတဲ့စိတ်တွေကို ခဏဖြစ်ဖြစ်အေးအေးဆေးဆေးအနားပေးပြီး ဘာကအဖြေလဲဆိုတာ သေချာသိရအောင်လုပ်ရမည်။

ခေါင်းငြိမ့်ခေါင်းခါ လုပ်ရင်း အတွေးတွေအားလက်စသတ်ကာ အိပ်ဆောင်ပေါ်မှဆင်းပြီး ကိုယ်လက်သန့်စင်ဖို့ပြင်လိုက်သည် ညီလာခံပြီးရင် စာပေဆောင်မှာအေးအေးဆေးဆေးအနားယူရမည်။

☀️Sun & Moon🌕Where stories live. Discover now