🌞4🌕

4.7K 517 28
                                    

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော အိမ်ရှေ့စံဆိုတဲ့သေးငယ်မှုလေးရဲ့ မျက်နှာဖူးဖူးလေးပေါ်တွင် ကျနေသော ဆံနွယ်တစအား ဖယ်ပေးရန် လက်ပြင်လိုက်ပေမဲ့ လမ်းတဝက်ရောက်တဲ့အခါ နောက်ပြန်ဆုတ်လိုက်သည် ဘုရင်တပါးရဲ့လုပ်သင့်တဲ့အလုပ်တခုလဲမဟုတ်ပြန်ဘူး....။

အကြောင်းပြချက်မဲ့ တခြားတိုင်းပြည်ရဲ့ အိမ်ရှေ့စံကို ဖမ်းခေါ်လာခြင်းသည် မှန်ကန်တဲ့အကြောင်းတရားတခုမဟုတ်ပေမဲ့ စမြင်ကတည်းက မဖြစ်မနေအနားခေါ်ထားချင်တဲ့စိတ်နဲ့ အင်အားသုံးကာ ခေါ်ဆောင်ခဲ့မိတာ တိတိကျကျပြောရရင် ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက်က ဖမ်းကတည်းကပါမလာခဲ့တာ အဲဒါကိုဒီကောင်လေးသိရင် သေချာပေါက် ဒေါသက ငယ်ထိပ်ရောက်အုံးမှာ......။

သားကောင်မရလို့ တချို့စစ်သည်တွေ အံ့သြသလိုကြည့်လာတိုင်း ဖြူဖြူဖွေးဖွေးလေးကို ပွေ့ချီထားရင်း ဂုဏ်ဆာခဲ့တာ.....မှားသည်မှန်သည်ဘယ်လိုဝေဖန်ချက်မျိုးကိုမှလက်မခံ..... အရှင်ဘုရင်ဖြစ်တဲ့ကျွန်တော့်လုပ်ရပ်ဖြစ်လို့ အားလုံးလက်ခံရမည်.....။

ညီလာခံတက်ဖို့အချိန်နီးနေပြီ နိုးမလာသေးတဲ့အိမ်ရှေ့စံဟာ သူများအိပ်ဆောင်တော်ပေါ်လဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တယ်။

နှာခေါင်းထဲ မရင်းနှီးတဲ့ အမွှေးနံ့တခုကြောင့် မျက်လုံးတို့ဖွင့်ကြည့်ရန် ကြိုးစားလိုက်သည် စိမ်းသက်တဲ့နေရာတခု ငါအိပ်နေတာ ငါ့နန်းဆောင်လဲမဟုတ်ဘူး ဒါဘယ်နေရာလဲ သိချင်စိတ်နဲ့အိမ်ရှေ့စံ အိပ်ဆောင်မှထကြည့်ရန်ပြင်လိုက်သည်။

"အ့....ငါ့လည်ဂုတ်....အား နာလိုက်တာ....!"

"နိုးလာသေးတာပဲ...."

အေးစက်စက်ထွက်ပေါ်လာတဲ့ အသံရှိရာနေရာလို့ လှည့်ကြည့်လိုက်တဲ့အခါ အိပ်ဆောင်တော်ဘေး စားပွဲနိမ့်နိမ့်လေးတွင် ထိုင်ကာ အကြမ်းရည် သောက်နေတဲ့ မနေ့ကလူဆိုးကောင်.....။

"မင်း....မင်းငါ့ကိုဘယ်ခေါ်လာတာလဲ!"

"ဟွာလန်...."

"ဟွာလန်......ငါ့ကဟီလာရဲ့အိမ်ရှေ့စံဆိုတာသိရက်နဲ့ ဘာကိစ္စဟွာလန်တိုင်းကို ခေါ်လာရဲသလဲ စည်းကမ်းတွေ နားမလည်ဘူးလား.....!"

☀️Sun & Moon🌕Where stories live. Discover now