"မယ်မယ်ကလဲ နောက်တပတ်လောက်နေရင် နန်းသွေးဂုဏ်ပြုပွဲရောက်ပြီကို အဲထိနေလို့မရဘူးလား......"
"သားခမည်းတော် အကြောင်းသိရက်နဲ့....."
"ကျွန်တော်ကရှိစေချင်တာ...."
ဟီလာပြန်တော့မဲ့ မင်းကြီးနဲ့ မယ်တော်ကြီးရဲ့ ဝေါယာဥ်အနားတွင် မယ်မယ်ရဲ့လက်ကိုကိုင်ကာအပြီပြင် ချွဲနေတဲ့အိမ်ရှေ့စံလေး။
ဟီလာဘုရင်ကြီးရဲ့ ဟီလာကိုစိတ်မချလို့ဆိုတဲ့ခေါင်းစဥ်နဲ့တရက်ပြီးတာနဲ့ ပြန်ဖို့စီစဥ်တဲ့အခါ အဆိုးငယ်သည် လုံးဝမပြန်စေချင်သေးအကြာကြီးခွဲခဲ့ရလို့အလွမ်းမပြေနေသေးပါ။
အရှင်ကိုယ်တိုင်လဲ နန်းသွေးဂုဏ်ပြုပွဲပြီးအောင် နေပေးပါလို့ ကြားထဲကတောင်းဆိုခဲ့ပေမဲ့ တားမရခဲ့တာမို့ ဘာမှဝင်မပြောတော့ပေမဲ့ ဆိုင်သူလေးသည် အခုထိ တားနေသေးသည်။
အရှင်နဲ့ကိုယ်ရံတော်ယွန်းအပါဝင် ဟီလာမင်းကြီးကတော့ ဘေးတွင်အသာရပ်ကြည့်နေခဲ့သည်။
"နောက်တော့ လာလည်မှာပေါ့ကွယ်
မယ်မယ်ပါ သားရဲ့ခမည်းတော်ရောဆိုတော့ ဟီလာကိုဒီအတိုင်းထားလို့မရဘူးလေ သားတော်က လ်ိမ်မာပါတယ်......""မယ်မယ် သားကိုမချစ်တော့တာ မဟုတ်ဘူးမလား....."
"ဒီကလေး မယ်မယ်ပြန်ခေါ်ချင်အောင် ချွဲပြနေတာလား မယ်မယ်သားကို ဘယ်လောက်ချစ်လဲ ဖော်ပြလို့တောင်မရပါဘူးကွယ်...."
"ကျွန်တော် သိပါတယ်......"
ခေါင်းလေးတိုးဝင်ချွဲပြန်တော့လဲ အိမ်ရှေ့စံသည် တကယ့်ကလေး။
"Min အပြန်နောက်ကျနေအောင် ဆိုးမနေနဲ့တော့လေနော်....."
အရှင်က လက်ကနေ အသာဆွဲခေါ်တော့ မပါချင်ပါချင်နဲ့ သူ့မယ်မယ်လက်တွေကိုဖြုတ်ချပြီး ပါလာခဲ့သည်။
"မယ်မယ် ကျွန်တော့်ကိုနမ်းသွားဦး...."
နောက်ဆုံးမရတဲ့အဆုံး ပါးတဖက်ထိုးပေးကာ နမ်းခိုင်းတော့ မယ်မယ်သည်အများကြီးမဖောင်းတော့တဲ့အများကြီးနှမြောနေသေးတဲ့ ပါးလေးတဖက်ကို နမ်းလိုက်သည်။
YOU ARE READING
☀️Sun & Moon🌕