မယ်မယ်ကြီးရဲ့ နောက်ဆုံးဆုတောင်းပွဲပြုလုပ်တဲ့နေ့ အရှင်ရော ဆိုင်သူလေးပါ အဖြူရောင်ဝတ်ရုံတွေနဲ့ တိတ်ဆိတ်နေတဲ့ ပွဲအလည် ငြိမ်သက်စွာရပ်နေကျသည်။
တခါတလေ လောကကြီးက သိပ်ရယ်စရာကောင်းတယ်...... မနေ့ကပဲ ဒီလိုအချိန် ဒီနေရာမှာ လူတိုင်းအရောင်တလက်လက်နဲ့ တောက်ပစွာ ပျော်ရွှင်နေခဲ့ကျပြီး ဒီနေ့ကျပြန်တော့ အဖြူရောင်တွေနဲ့ တိတ်ဆိတ်စွာ ငိုကြွေးနေကျပြန်တယ်။
အပြစ်လုပ်တဲ့သူကို ပြစ်ဒဏ်စီရင်နိုင်ခဲ့ပေမဲ့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေကိုတော့ အရှင် ဝမ်းနည်းရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ဘူး။
အသက်တချောင်းအတွက် အရှင်ပြန်ယူခဲ့တာ မိဘုရားနန်းဆောင်တခုလုံး......ရှန်ဆိုအာ ခေါ်ဆောင်ခဲ့တဲ့ သူမရဲ့တိုင်းပြည်က နန်းတွင်းသူတွေပါ တယောက်မကျန် သေဒဏ်ချမှတ်ခဲ့တဲ့ အရှင်ဟာ မကျေနပ်ချက်ပေါင်းများစွာလဲပါတာပေါ့။
သံသယရှိသူဟုတ်ဟုတ်မဟုတ်ဟုတ် ကြံရာပါပါ မပါပါ အရှင်တယောက်မှလွှတ်မပေးခဲ့ဘူး တော်ဝင်မိသားစုကို ထိပါးခဲ့ရင် သားစဥ်မြေးဆက်ပါမကျန် အကုန်အမြစ်ဖြတ်ချေမှုန်းပစ်တဲ့ ဟွာလန်တိုင်းပြည်ရဲ့ဥပဒေရပ်တခုကိုထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည်။
"အရှင်...."
နွေးခနဲ လာဆုပ်ကိုင်တဲ့ဆိုင်သူလေးကြောင့် အရှင်အာရုံတွေလွင့်ပျံနေခဲ့ရာမှ လှည့်ကြည့်လာခဲ့သည်။
"အင်း Min ပြောလေ....."
"ဆုတောင်းလိုက်လေ ဒီအတိုင်းကြီးရပ်မနေနဲ့....."
"ဆုတောင်းရမယ်....."
"အင်းလေ မယ်မယ်အတွက် ဆုတောင်းပေးဖို့လိုတယ်လေ....."
"ကိုယ်တော်မှ ဆုမတောင်းတတ်တာ....."
အရှင်.....!"
"တကယ်ပြောတာ....."
ညာနေတာမဟုတ်မှန်းသိတဲ့အခါ ဆိုင်သူလေးသည် သက်ပြင်းအသာချလိုက်ရသည်။
"အဲဒါဆို ငါလုပ်တဲ့အတိုင်း နောက်ကလိုက်လုပ်ဟုတ်ပြီလား....."
အရှင်က နားလည်ပြီဆိုတဲ့အကြောင်း ခေါင်းငြိမ့်ပြကာ ဆိုင်သူလေးဘာလုပ်မလဲ သေချာကြည့်နေခဲ့သည်။
YOU ARE READING
☀️Sun & Moon🌕