🌞22🌕

3.5K 323 4
                                    

"Jung ငါတို့ဘယ်လိုရှေ့ဆက်သွားကျမလဲ..."

ဖမ်းဆုပ်လာတဲ့ သေးသေးသွယ်သွယ်လက်ချောင်းလေးတွေဟာ အေးစက်စက် စိုးရိမ်မှုကြောင့် ဝိုင်းစက်လာတဲ့ မျက်ဝန်းကျဥ်းတွေမှာ မျက်ရည်ကြည်တွေဝန်းရံနေလျှက် တုန်ခိုက်နေတဲ့ အသံငယ်လေးတွေဟာ နှလုံးသားကို လာထိုးနက်နေတဲ့ ဆူးသေးသေးလေးတွေလိုပဲ ရင်ထဲတဆ​စ်ဆစ်။

ကျွန်တော် ကိုယ်တိုင်လဲ ဘယ်လိုရှေ့ဆက်ရမလဲ စဥ်းစားမရသေးဘူး ဖြေရှင်းနိုင်မဲ့အကောင်းဆုံးနည်းလမ်းတခုကို ရှာဖွေ၍မရခဲ့ဘူး။

ကျွန်တော် လမင်းဖြူရဲ့ လက်တွေကိုပြန်လည်ဆုပ်ကိုင်ပေးရင်း ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးရသည်။
ကျွန်တော်တို့ဟာ သိပ်ချစ်ခဲ့ကျပါတယ် နောင်လဲထာဝရချစ်ခြင်းတွေနဲ့ သံသရာအဆုံးထိ ဆုပ်ကိုင်ထားချင်တဲ့ လက်တစုံဟာလဲ ခုလက်ရှိပိုင်ဆိုင်ထားတဲ့ လက်တစုံထဲပဲ။

"Jung အေးဆေးလုပ်မနေဘဲ ငါ့ကိုတခုခုပြောပါဦး ငါမင်းနဲ့မဝေးနိုင်ဘူးနော်
ရှင်းရှင်းပဲ မင်းရွေးမဲ့လမ်းက ငါတို့ဝေးကျဖို့ဆို ငါ့ကိုသေအောင်သတ်ပြီးမှ ရွေး.
..."

"ဘယ်တော့မှမရွေးဘူးကိုယ်တို့မဝေးပါဘူးကွာ...."

"စကားကိုအလွယ်မပြောနဲ့ Jung အခုပဲ ငါတို့နှစ်ယောက်အကြောင်းတွေ အကုန်ပြန့်နေပြီ ကောင်းကင်မင်းကြီးက ငြိမ်နေမယ်ထင်နေလား ငါတို့ကို အဆုံးသတ်ပေးမှာ ငါသိနေတယ်..."

"ကိုယ်လက်မခံဘူးလေ မင်းလဲတူတူပဲကို စိတ်မပူနဲ့ ကိုယ်ဖြေရှင်းပေးမယ်..."

"သွေးအေးမနေဖို့ ငါဘယ်နှစ်ခါပြောရမလဲ မင်းပြောသလောက်ဘာကိစ္စကမှ မလွယ်ကူဘူး ခုပြသနာကပိုမလွယ်ဘူး
ငါ....ငါတို့ထွက်ပြေးကျမလား"

စီးကျနေတဲ့ မျက်ရည်တွေကို အလူးလဲသုတ်ကာ ပြောလာတဲ့ လမင်းဖြူဟာ အများကြီးမတွေးတတ်သေးဘူး ချစ်တယ်တူတူနေခွင့်ကိုပဲအချိန်တိုင်းရချင်တယ်ဒီလောက်ပဲ။

"အဲလိုလုပ်လို့မရဘူးလေ လမင်းဖြူ
ကိုယ်တို့ရင်ဆိုင်ရမယ် ကောင်းကင်တော်ထဲ ကိုယ်တို့ထွက်ပြေးလို့ရတဲ့နေရာဆိုတာ ရှိလို့လား...."

☀️Sun & Moon🌕Where stories live. Discover now