"Jung တကယ်လို့များပေါ့နော် မင်းနဲ့ငါ ဝေးသွားကျရင် ဘယ်လိုလုပ်မှာလဲ ငါ့ကိုမေ့ပစ်လိုက်မှာလား...."
သစ်တောခပ်အုပ်အုပ်လေးထဲတွင် ရှိသော
ပန်းရောင်စုံတွေနဲ့အလှဆင်ထားသော ဒန်းလှလှလေးပေါ်တွင် ထိုင်နေသော လမင်းဖြူအား အနောက်မှအသာလွဲပေးနေရင်းမှ ရုတ်တရက်ထူးထူးဆန်းဆန်းတွေ မေးလာတဲ့လမင်းငယ်ကြောင့် နေနတ်သားဒန်းလေးအသာရပ်ကာနောက်ကနေသိုင်းဖက်လိုက်သည်။ဒီနေရာလေးက ကျွန်တော်တို့လွမ်းတိုင်း ခိုးကာပြေးပြေးတွေ့ရတဲ့နေရာလေးဖြစ်ပြီး လမင်းငယ်ဆီက အကြင်နာစကားယုယုယယလေးတွေ မွေးဖွားပေးတဲ့နေရာလေးဆိုလဲ ဟုတ်တယ် တခါတလေရန်တိုးတိုးလေးဖြစ်ရင်းပေါ့ ဒီနေ့လဲ ဘယ်လိုပြသနာလှလှလေးတွေဖန်တီးပေးအုံးမလဲမသိပါ။
"မဖြစ်နိူင်လိုက်တာ Minကလဲ ဘာလို့ဝေးရမှာလဲ...."
"ငါကဒီအတိုင်းသိချင်နေလို့ မေးတာပဲဖြေပါ...."
"မေ့မပစ်ပါဘူး မတွေ့တွေ့အောင်ရှာပြီး နမ်းပစ်မှာ....."
ဒန်းလှလှလေးပေါ်မှာ ပန်းပွင့်ဖြူဖြူလေးရဲ့ပွင့်ဖတ်တွေအား တို့ထိရင်း အာရုံစိုက်နားထောင်နေသော အသည်းသက်လေးရဲ့ပါးမို့မို့လေးအား ငုံ့နမ်းရင်း ဖြေလိုက်တော့ မျက်နှာတခုလုံးရဲတက်သွားသည်။
"စကားအကောင်းပြောနေတာ ဒီမှာလာထိုင်ပြီး သေချာဖြေ......"
လက်ချောင်းမို့မို့လေးတွေ ညွှန်ပြရာသို့ နေရာဝင်ယူလိုက်ကာ လက်သေးသေးလေးတွေအားနေနတ်သား ခပ်ဖွဖွဆုပ်ကိုင်ထားလိုက်သည်။
"ဖြေတော့....."
"ဖြေပြီးပြီလေ Minရယ်....."
"အတည်ဖြေပေးလို့ မဖြေပေးရင်ပြန်တော့မှာ....."
"အဲလိုတော့မလုပ်ပါနဲ့ဗျာ ဖြေဆိုဖြေမှာပေါ့ လာကိုယ့်ရင်ခွင်ထဲမှီပြီး နားထောင်နော်......"
"အင်း......"
"ထားပါတော့ လမင်းဖြူက ကိုယ့်ကိုစိတ်ကောက်ပြီးပဲဖြစ်ဖြစ် တခြားအကြောင်းရင်းတခုကြောင့်ပဲဖြစ်ဖြစ် အဝေးကိုထွက်သွားခဲ့ရင် ကိုယ်ကလိုက်ရှာမှာပေါ့ ဘယ်ဘဝပဲရောက်ရောက် ပုန်းနေလို့ရမယ်မထင်နဲ့နော် ကိုယ်ကတွေ့အောင်ရှာမှာ......"
YOU ARE READING
☀️Sun & Moon🌕