"မင်း...ဘယ်ကိုသွားနေတာလဲ အရမ်းဝေးနေပြီ ဖြေးဖြေးမာင်းပေးလို့မရဘူးလား ငါဗိုက်အောင့်လာပြီ....."
"သွားရမဲ့နေရာက ဝေးသေးတယ်လေကွာ အဲဒါကြောင့် အရှိန်လျှော့လိုက်ရင်ကိုယ်တော်လို့အချိန်တွေလင့်ရလိမ့်မယ်......"
"ဝေးသေးတယ်ဟုတ်လား မသွားတော့ဘူးပြန်မယ် အရမ်းဝေးလွန်းနေပြီ....."
"မသွားလို့မရဘူး ပြစရာရှိတယ်လို့ ကိုယ်တော်ပြောပြီးပြီလေ သိပ်မကြာတော့ပါဘူး ခဏပဲသည်းခံလိုက်ပါ...."
"မင်း...ခဏက ဘယ်လိုခဏမှန်းမှ ငါမသိတာ နန်းဆောင်နဲ့မတရားဝေးနေပြီ မဟုတ်တာတွေမလုပ်ဘဲ ပြန်ရအောင်......"
"မရဘူး......"
"Jung Kook!"
အော်သံသည် စူးခနဲဖြစ်တာကြောင့် မြင်းသည်လန့်ကာ အရှိန်ပိုပြင်းသွားသည်။
"ဘယ်လိုဖြစ်နေတာလဲလို့.....!"
"ကိုယ်တော်ဘာလုပ်နေလို့လဲ....."
ရင်ခွင်ထဲမှ အနောက်သို့မျက်နှာလှည့်ကာ စူးစူးဝါးဝါးကြည့်လာတာကြောင့် မျက်လုံးကျဥ်းတွေကို လျှင်မြန်စွာ ရှောင်တိမ်းလိုက်သည် ကြာကြာကြည့်မိရင် အန္တရာယ်များလွန်းတဲ့ မျက်နှာလှလှလေးကြောင့် နှစ်ယောက်လုံးရမဲ့ဒုက္ခတွေက လှလိမ့်မည်မဟုတ်။
"ပြန်လှည့်လို့ပြောနေတယ်နော်....."
"ဟင့်အင်း..."
ရင်ခွင်ထဲကသေးသေးလေး ဘာပြောပြောဂရုမစိုက်စွာ အရှေ့သို့သာအရှင်အာရုံပို့ထားလိုက်သည်.....ပြောမနိုင် ဆိုမနိုင်လေးဆိုပြောမနေတော့ဘူး။
မောင်းနှင်လာတဲ့ခရီးသည် အရမ်းကိုဝေးလာပြီမို့ စိတ်ထဲသိပ်ဘဝင်မကျတော့ အရှေ့ကိုကြည့်လိုက်တော့လဲ တောကြီးသာရှိသည်။
ကာကွယ်စရာဆိုလို့ နှစ်ယောက်လုံးမှာ ဓားတလက်မှမပါခဲ့ ကိုယ့်တိုင်းပြည် ကိုယ့်နယ်မြေမဟုတ်တာကြောင့်အမှန်တိုင်းဆိုရရင်အိမ်ရှေ့စံလေး ကြောက်စိတ်ဝင်မိပါသည်။
ဘယ်ကိုလဲ ဘာလုပ်အောင်လဲဆိုတာတောင် မမေးဘဲ ငြိမ်ငြိမ်ကြီးပါလာခဲ့တဲ့ ကိုယ့်ဟာကိုလဲကျိန်ဆဲလို့မဆုံးတော့ဘူး။
YOU ARE READING
☀️Sun & Moon🌕