အရှုံးပေါ် အရှုံးဆင့်ခဲ့ရလို့ ရှက်ရွံခြင်းတွင် ကျွန်တော် Jung Kookနဲ့မျက်နှာချင်းဆိုင်ဖို့သတ္တိနည်းနေမိသည်။
ကံကောင်းတယ်ပဲပြောရမလား ပြိုင်ပွဲပြီးတဲ့နေ့ကတည်းက တော်ရုံမျက်စိရှေ့ပေါ်မလာတဲ့သူဟာ အလုပ်ရှုပ်နေတာလား တမင်ရှောင်နေတာလား မသိပေမဲ့ ကျွန်တော့် အတွက်တော့စိတ်သက်သာရာရသည်။
လုံးဝပြန်မတွေးချင်တော့သော အကြောင်းရာသည် ဦးနှောက်တွေထဲ တရိပ်ရိပ် လွင့်ပြယ်သွားခြင်းမရှိခဲ့ပါ။
ယောင်္ကျားတယောက်က တခြားယောင်္ကျား တယောက်ရဲ့ လွန်လွန်ကျူးကျူးအနမ်းတွေအောက် ပြားပြားဝပ်ခဲ့ရမလားဆိုတဲ့ မကျေနပ်စိတ်က ရင်ထဲမှာလှိုင်းထန်နေခဲ့သည်။
ကြေးမုံမှန်တချပ်ရှေ့က ထိုင်ခုံတခုတွင် ထိုင်ရင်း အောက်နှုတ်ခမ်းက အရှင်းမပျောက်သေးတဲ့ဒဏ်ရာအား လက်နဲ့ကိုင်ကြည့်ရင်း ဝေဝါးဝါးပုံရိပ်တခုမှာတောင် စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းနေသည်။
ထွက်ပြေးလိုက်ရင်ကောင်းမလားဆိုတဲ့ မရေမရာအတွေးတချို့ဝင်မိတိုင်း နှုတ်ခမ်းပါးကစေရာပဲ လွင့်ချင်ပါတယ်ဆိုတဲ့ ဘယ်နေရာက ထိုးထွင်းလာမှန်းမသိတဲ့ အတွေးရိုင်းတွေကလဲ ခန္ဓာကိုယ်ရဲ့ သွေးကြောပေါင်းစုံထဲ ပျံ့နှံ့နေခဲ့တယ်။
လွတ်မြောက်ချင်လားလို့ ကိုယ့်ကိုကိုယ်ပြန်မေးမိတိုင်း နက်ချင်သလောက်နက်ပါစေ ခုန်ချခွင့်ပြုပါဆိုတဲ့ Park JiMinနဲ့မဆိုင်တဲ့ မကောင်းတဲ့ဝိညဥ်တခုက တောင်းဆိုမှုပြုပြန်တယ်။
Jeon Jung Kookဟာ ချောက်, မသိမသာပြုတ်ကျခဲ့ရတဲ့ချောက်တခုဟာ ထင်ထားတာထက်ပိုနက်ခဲ့တယ်။
အဖြေရှာမရခဲ့တာမျိုးမဟုတ်ပါဘဲ တိကျလွန်းတဲ့အဖြေကို ကျွန်တော် လက်ခံနိုင်ဖို့ ခက်ခဲနေတာ ဘယ်လိုပဲမေးမေး Jeon Jung Kookဟာ ခိုးချလို့ရတဲ့အဖြေမျိုးမှမဟုတ်တာ ကိန်းဂဏန်းတွေသေချာစိစစ်ပြီး အခေါက်ခေါက်အခါခါတွက်ပြီးမှ ရလာတဲ့အဖြေမျိုး။
အတွေးတွေကို ခဏလွှင့်ပစ်ဖို့တော့ လိုပြီ ဘာမှမဟုတ်တဲ့အရာလို့ထင်ရပေမဲ့ တခါတလေအသက်ရှုရကြပ်တဲ့အထိ ပြင်းထန်တာမျိုး။
YOU ARE READING
☀️Sun & Moon🌕